မလေးရှားသင်္ဘော စစ်တကောင်းကို ခရီးဆက်

မလေးရှားနိုင်ငံက စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့အသုံးအဆောင်ပစ္စည်းတွေ တင်ဆောင်လာတဲ့ Nautical Aliya သင်္ဘောကို ဖေဖော်ဝါရီလ ၉ ရက်နေ့က တွေ့ရစဉ်
မလေးရှားနိုင်ငံက စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့အသုံးအဆောင်ပစ္စည်းတွေ တင်ဆောင်လာတဲ့ Nautical Aliya သင်္ဘောကို ဖေဖော်ဝါရီလ ၉ ရက်နေ့က တွေ့ရစဉ် (Photo: Kyaw Zaw Win/RFA)

ရိုဟင်ဂျာ ဒုက္ခသည်တွေကို ကူညီဖို့အတွက် မလေးရှားနိုင်ငံကနေ စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့အသုံးအဆောင် ပစ္စည်းတွေ တင်ဆောင်လာတဲ့ Nautical Aliya သင်္ဘောဟာ ရန်ကုန်မြို့အနီး သီလဝါဆိပ်ကမ်းမှာ ပစ္စည်းတချို့ တဝက် ချပြီးတဲ့နောက် Bangladesh နိုင်ငံ Chittagong မြို့ကို ဆက်လက်ထွက်ခွါသွားပြီဖြစ်ပါတယ်။

အဲဒီ ထောက်ပံ့ရေးအစီအစဉ် ခေါင်းဆောင် အာဇီးစ် - ရာဟင်း က ရာသီဥတု ကောင်းမွန်ရင် စစ်တကောင်းမြို့ ကို နောက် ၃ ရက်ကြာရင် ရောက်မယ်လို့ ပြောပါတယ်။

သီလဝါဆိပ်ကမ်းမှာ ဆန္ဒပြသူတချို့ တွေ့ရပေမယ့် ပြဿနာကြီးကြီးမားမား မဟုတ်ပါဘူး၊ ကျနော်တို့ အစီအစဉ် အောင်မြင်အောင် မြန်မာအစိုးရက ကုူညီတာကို ကျေးဇူးတင်ရှိပါတယ်လို့လည်း ပြောပါတယ်။

အဲဒီ သင်္ဘောပေါ်မှာ မလေးရှားနိုင်ငံကနေ စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့အသုံး အဆောင်ပစ္စည်းတွေ တန်ချိန် ၂၃၀၀ သယ်ဆောင်လာတာ ဖြစ်ပါတယ်။