မလေးရှားနိုင်ငံက လူဝင်မှု ထိန်းသိမ်းရေး စခန်းတွေမှာ ထိန်းသိမ်းခံထားရသူ အရေအတွက်ကို လျှော့ချဖို့ အခုလို စီစဉ်တာ ဖြစ်ကြောင်း မြန်မာ နိုင်ငံခြားရေး ဒုတိယ ဝန်ကြီး ဦးမောင်မြင့်နဲ့ တွေ့ဆုံ အပြီးမှာ မလေးရှား ပြည်ထဲရေး ဝန်ကြီးက အခုလို ပြောကြားလိုက်တာပါ။ ဒါပေမယ့် မြန်မာနိုင်ငံမှာ မလေးရှား နိုင်ငံသား ဘယ်နှစ်ယောက် ဖမ်းဆီး ထိန်းသိမ်းခံထားရတယ် ဆိုတာတော့ မသိရှိတဲ့ အကြောင်း မလေးရှား ပြည်ထဲရေး ဝန်ကြီးက ပြောပါတယ်။ မလေးရှားနိုင်ငံက လူဝင်မှု ထိန်းသိမ်းရေး စခန်းတွေမှာ ထိန်းသိမ်းခံထားရတဲ့ မြန်မာနိုင်ငံသား တထောင် လောက်ရှိကြောင်း၊ အများစုဟာ ဆိုးဝါးတဲ့ ပြစ်မှု ကျူးလွန်သူတွေ မဟုတ်ကြောင်း၊ ဗီဇာ ရက်ကျော်လွန် နေထိုင်သူတွေနဲ့ တခြား လူဝင်မှု ဥပဒေ ချိုးဖေါက်သူတွေ ပါဝင်ကြောင်း မလေးရှား အရာရှိတွေက ပြောပါတယ်။
မလေးရှားနဲ့ မြန်မာ အကျဉ်းသား လဲလှယ်ဖို့ စီစဉ်
မလေးရှားနဲ့ မြန်မာနိုင်ငံ အနေနဲ့ ဖမ်းဆီး ထိန်းသိမ်းထားသူတွေ အပြန်အလှန် လဲလှယ်ဖို့ ရှိတယ်လို့ မလေးရှား ပြည်ထဲရေး ဝန်ကြီးက ဒီကနေ့ပြောကြားလိုက်ပါတယ်။
