မကွေးတိုင်းအတွင်း ထွက်ပေါ် ခဲ့တဲ့ ပေါက်ကွဲသံဟာ လေတပ်က လက်နက်စမ်းသပ်တာဖြစ်

မကွေးတိုင်းဒေသကြီး မင်းဘူး၊ ရေ နံချောင်း၊ ပွင့်ဖြူ၊၊ စကု၊ မကွေး၊ စတဲ့ မြို့နယ်တချို့မှာ ပြီးခဲ့တဲ့ နှစ်ရက် ဆက်တိုက်က ပေါက်ကွဲသံ ၄ ကြိမ်လောက် ထွက်ပေါ်ခဲ့တာဟာ မကွေးမြို့ တပ်မတော် (လေ)က လက်နက်စမ်းသပ် ပစ်ခတ်တာဖြစ်တယ်လို့ မကွေးတိုင်းဒေသကြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးတင်အောင်ထွန်း က ပြောပါတယ်။

မင်းဘူးမြို့အဝင် ဆိုင်းပုဒ်ကို တွေ့ရစဉ် ဓါတ်ပုံ - နေမိုးငယ်

မကွေးတိုင်းဒေသကြီး မင်းဘူး၊ ရေနံချောင်း၊ ပွင့်ဖြူ၊ စကု၊ မကွေး၊ စတဲ့ မြို့နယ်တချို့မှာ ပြီးခဲ့တဲ့ နှစ်ရက် ဆက်တိုက်က ပေါက်ကွဲသံ ၄ ကြိမ်လောက် ထွက်ပေါ်ခဲ့တာဟာ မကွေးမြို့ တပ်မတော်(လေ)က လက်နက် စမ်းသပ်ပစ်ခတ်တာ ဖြစ်တယ်လို့ မကွေးတိုင်းဒေသကြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးတင်အောင်ထွန်း က ပြောပါတယ်။

တပ်မတော်(လေ) မကွေးက ဝေဟင်ကနေ မြေပြင်ပစ်တဲ့ လက်နက်စမ်းသပ်တာဖြစ်ပြီး အဆန်မပါတဲ့ ထိပ်ဖူးခွံ သက်သက်ဖြစ်တာကြောင့် လူတွေအတွက် အန္တရာယ်မရှိကြောင်း မင်းဘူးမြို့နယ် အုပ်ချုပ်ရေးမှူးရုံးထံကနေ သိရတယ်လို့ မကွေးတိုင်း အမှတ် ၅ မဲဆန္ဒနယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးတင်အောင်ထွန်း က ပြောပါတယ်။

"မင်းဘူးမြို့နယ် အုပ်ချုပ်ရေးမှူးရုံးကို ကျနော်လှမ်းမေးတယ်လေ၊ ဘာပြောလဲဆိုတော့ တပ်မတော်(လေ) မကွေး ကနေပြီးတော့ မင်းဘူး ခလရ (၈၈) ရဲ့နောက်ကြောဘက်က ကွင်းထဲကို သူတို့ဝေဟင်ကနေ မြေပြင်ပစ်တဲ့ လက်နက်စမ်းသပ်တယ်လို့ ပြောပါတယ်၊ ဒါပေမဲ့ အဲဒီစမ်းသပ်တဲ့ လက်နက်က အဆန်မပါတဲ့ ထိပ်ဖူးခွံ သက်သက်ဖြစ်တယ်လို့၊ အန္တရာယ်မရှိဘူးဆိုတာကို ကျနော့်ကို ပြန်ပြောပြလို့ သိရပါတယ်ခင်ဗျ။ "

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၃ရက်နဲ့ ၂၄ ရက်နေ့တို့မှာ ၄ ကြိမ်လောက်ထွက်ပေါ်ခဲ့တဲ့ ပေါက်ကွဲသံကြောင့်  မြေကြီးတွေ၊ အဆောက်အဦတွေပါ တုန်ခါမှုတွေ ဖြစ်ခဲ့တဲ့အတွက် ဒေသခံတွေက စိုးရိမ်ထိတ်လန့်နေကြတာဖြစ်ပါတယ်။

အဲဒီလိုစမ်းသပ်မှာနဲ့ ပတ်သက်ပြီး ပြည်သူတွေကို ကြိုတင်အသိပေးအကြောင်းကြားတာ မရှိတာကြောင့် ပြည်သူတွေ အထိတ်တလန့်ဖြစ်ခဲ့တဲ့အတွက် နောက်နောင်ဒီလိုမဖြစ်ရအောင် သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းသွားဖို့ ရှိတယ်လို့လည်း ဦးတင်အောင်ထွန်း က ပြောပါတယ်။

မင်းဘူး၊ ရေနံချောင်း စကု၊ မကွေး စတဲ့မြို့နယ်တချို့မှာ နှစ်ရက်ဆက်တိုက် ပေါက်ကွဲသံ ၄ ကြိမ် လောက် ကြားခဲ့ရတာဖြစ်ပြီး ဒီနေ့မှာတော့ မကြားရတော့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org