ဦးကိုနီ နဲ့ ဦးနေဝင်း သေဆုံးမှု ဝမ်းနည်းကြောင်း မဘသ ကြေညာ ချက်ထုတ်

ဇန်နဝါရီလ ၂၉ရက်နေ့က လုပ်ကြံ သတ်ဖြတ်ခံလိုက် ရပြီး သေဆုံးခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဥပဒေအကြံပေး ဦးကိုနီနဲ့ အငှားယာဉ်မောင်း ဦးနေဝင်း တို့အတွက် ဝမ်းနည်းကြောင်းနဲ့ အကြမ်း ဖက်မှုတွေကို ကန့်ကွက်ရှုတ်ချကြောင်း အမျိုး၊ ဘာသာ၊ သာသနာစောင့်ရှောက်ရေးအဖွဲ့ (ဗဟို) က ဒီနေ့ ကြေညာချက်ထုတ်လိုက်ပါတယ်။

ဇန်နဝါရီလ ၂၉ ရက်နေ့က ရန်ကုန်လေဆိပ်မှာ သေနတ်ပစ်ခံရပြီး သေဆုံးခဲ့တဲ့ တရားလွှတ်တော်ရှေ့နေ ဦးကိုနီနဲ့ အငှားယာဉ်မောင်း ဦးနေဝင်း တို့ရဲ့ ရုပ်အလောင်းကို ရန်ကုန်မြို့ ရေဝေးသုသာန်မှာ သဂြိုဟ်ခဲ့ပါတယ်။ Photo: Kyaw Zaw Win/RFA

ဇန်နဝါရီလ ၂၉ရက်နေ့က လုပ်ကြံသတ်ဖြတ်ခံလိုက်ရပြီး သေဆုံးခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဥပဒေအကြံပေး ဦးကိုနီနဲ့ အငှားယာဉ်မောင်း ဦးနေဝင်း တို့အတွက် ဝမ်းနည်းကြောင်းနဲ့ အကြမ်းဖက်မှုတွေကို ကန့်ကွက်ရှုတ်ချကြောင်း အမျိုး၊ ဘာသာ၊ သာသနာစောင့်ရှောက်ရေးအဖွဲ့ (ဗဟို) က ဒီနေ့ ကြေညာချက်ထုတ်လိုက် ပါတယ်။

လူသားတိုင်းဟာ မိမိအသက်ကို တန်ဖိုးထား မြတ်နိုးကြသူတွေသာဖြစ်တဲ့အတွက် လူသားတိုင်းရဲ့ အသက်ကို တန်ဖိုးထားလေးစားရမှာဖြစ်တယ်လို့ မဘသအဖွဲ့ (ဗဟို)က ဆရာတော် ဒေါက်တာ ဦးတေဇနိယ က မိန့်ပါတယ်။

"လူသားတိုင်း လူသားတိုင်းဟာ အသက်ကို တန်ဖိုးထားကြတယ်။အဲဒါကြောင့် လူသားတွေအားလုံးအနေ နဲ့ ဗြဟ္မစိုရ်တရား လက်ကိုင်ထားပြီးတော့ သူတပါးကို နှိပ်စက်တာတွေ၊ ညဉ်းပန်းတာတွေ၊ အကြမ်းဖက် တာတွေ မလုပ်ပါနဲ့။ အကြမ်းဖက်တာတွေလုပ်တဲ့ ပုဂ္ဂိုလ်တွေကိုလည်း ပြင်းပြင်းထန်ထန်ရှုတ်ချတယ်။ အကြမ်းဖက်ခံရတဲ့ မိသားစုတွေဘက်ကလည်း သူတို့တွေနဲ့ထပ်တူ ဦးဇင်းတို့တတွေ ဝမ်းနည်း တယ်ပေါ့နော်။ အဲဒါပဲ။"

အကြမ်းဖက်သမားတွေရဲ့ လုပ်ရပ်တွေဟာ လက်ရှိအစိုးရ လျှောက်လှမ်းနေတဲ့ ဒီမိုကရေစီလမ်းကြောင်းအတွက် ခလုတ်ဆူးငြှောင့်တွေဖြစ်တဲ့အတွက် တိုင်းပြည်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားအောင် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေတယ်လို့ မှတ်ယူကြောင်းနဲ့ ဗုဒ္ဓဝါဒနဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ ဘယ်အကြမ်းဖက်လုပ်ရပ်မျိုးမဆို ကန့်ကွက်ရှုတ်ချတယ်လို့ ကြေညာချက်မှာ ပါရှိပါတယ်။

NLD ဥပဒေအကြံပေး ဦးကိုနီနဲ့ တက္ကစီယာဉ်မောင်း ဦးနေဝင်း၊ ကချင်ပြည်နယ် ဖားကန့်ဒေသမှာ ကျောင်းဆရာ ဦးအောင်ဇင်ထွန်း၊ မလေးရှားနိုင်ငံမှာ မြန်မာနိုင်ငံသား ၅ ယောက်၊ ရခိုင်ပြည်နယ် ကျီးကန်းပြင် အမှတ် ၁ ၊ ငါးခူရရဲစခန်းနဲ့ ကိုးတန်ကောက်ရဲစခန်းက ရဲအရာရှိအပါအဝင် ရဲသား ၉ ယောက်၊ မင်္ဂလာဒုံမြို့နယ်မှာ ဦးစိုးနောင်အပါအဝင် မိသားစု ၄ ယောက်တို့ဟာ အကြမ်းဖက်သမားတွေရဲ့ လူမဆန်စွာ သတ်ဖြတ်တာကို ခံခဲ့ရတာဖြစ်တယ်လို့လည်း ပါရှိပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org