မဘသဗဟို ဒုညီလာခံ ရန်ကုန်အင်းစိန်မှာ ကျင်းပ
2014.06.21

မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအသင်း(မဘသ-ဗဟို)ရဲ့ တစ်နှစ်ပြည့် ညီလာခံကို ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ် အောင်းဆန်းတောရတပ်ဦး ဘုန်တော်ကြီးကျောင်းမှာ ဒီနေ့ကျင်းပခဲ့ပါတယ်။
သံဃာ့အဖွဲ့အစည်းတွေနဲ့ လက်တွဲပြီး အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးကို အောင်မြင်အောင် လုပ်ဆောင်မယ်လို့ အသင်း(ဗဟို)ရဲ့ တွဲဖက်အတွင်းရေးမှူး တောင်ဒဂုံနိကာယ် စာသင်တိုက်ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တသီလက္ခ န္တာဘိဝံသက အခမ်းအနားမှာ မိန့်ကြားပါတယ်။
"သံဃာ့အဖွဲ့အစည်းအဆင့်ဆင့်ကို အတိုက်အခံ လုပ်တဲ့ပုံစံမျိုး၊ နှောင့်ယှက်တဲ့ပုံစံမျိုး မဟုတ်ဘဲနဲ့ ဒီအဖွဲ့အစည်းများနဲ့ အတူတကွ လက်တွဲပြီးတော့ ကိုယ့်အမျိုးဘာသာ သာသနာစောင့်ရှောက်ရေး လုပ်ငန်းများကို အောင်မြင်သထက်အောင်မြင်အောင် လုပ်ဆောင်ကြရမှာဖြစ်ပါတယ်"
အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးအသင်း (ဗဟို) ညီလာခံကို ပြည်နယ်နဲ့တိုင်းက သံဃာတော်တွေ သီလရှင်တွေ အပါးတစ်ထောင်နီးပါး ကြွရောက်ခဲ့ကြပြီး ဆရာတော် ဒေါက်တာ အရှင်ဉာဏိဿရလည်း ဒီအခမ်းအနာကို တက်ရောက်ခဲ့ပါတယ်။
အမျိူးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ ဖြစ်တဲ့ (မဘသ)ရဲ့ လုပ်ငန်းတွေဟာ အစိုးရက စေခိုင်းလို့မဟုတ်ပဲ အမျိူးဘာသာသာသနာ ကောင်းကျိူးအတွက် ဦးတည်ပြီး လွတ်လပ်စွာ ဆောင်ရွက်နေတာဖြစ်တယ်လို့ မဘသအဖွဲ့ရဲ့ ဥက္ကဌဖြစ်တဲ့ ဆရာတော် တိလောကာ ဘိဝံသက RFA ကိုမိန့်ပါတယ်။
ဒီအကြောင်းတွေနဲ့ပတ်သက်ပြီး ဆရာတော် တိလောကာဘိဝံသကို RFA က မသင်းသီရိ ဆက်သွယ်မေးမြန်းလျှောက်ထားချက်ကိုလည်း တဆက်ထဲ နားဆင်နိုင်ပြတယ်။