လူထုဒေါ်အမာ ၁ဝ၁ နှစ်ပြည့် အခမ်းအနား တောင်လေး လုံးကျောင်းတိုက်မှာ ကျင်းပ
2016.11.29

သတင်းစာဆရာနဲ့ စာရေးဆရာမကြီး လူထုဒေါ်အမာ မျှော်လင့်တောင့်တခဲ့တဲ့ ပြည်တွင်းငြိမ်းချမ်းရေးရရှိအောင် အားလုံးပါဝင်ကြဖို့ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် က ဒီနေ့ တိုက်တွန်းလိုက်ပါတယ်။
မန္တလေးမြို့ တောင်သမန်အင်းစောင်းက တောင်လေးလုံးကျောင်းတိုက်မှာကျင်းပတဲ့ လူထုဒေါ်အမာ ၁၀၁ နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ်အခမ်းအနားမှာ တိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် က အမှတ်တရ ဂုဏ်ပြုစကားပြောကြားရာမှာ တိုက်တွန်းလိုက်တာဖြစ်ပါတယ်။
လူထုဒေါ်အမာ ၁၀၁ နှစ်ပြည့် မွေးနေ့အခမ်းအနားကို ဆရာမကြီးကို ချစ်မြတ်နိုးသူတွေ၊ စာရေးဆရာတွေ၊ သတင်းစာဆရာတွေနဲ့ အနုပညာသမားတွေ၊ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင် ဦးဆောင်တဲ့ အစိုးရအဖွဲ့ဝင်တွေ တက်ရောက်ခဲ့ကြပါတယ်။
စာရေးဆရာမကြီး လူထုဒေါ်အမာ ကို ၁၉၁၅ ခုနှစ် မန္တလေးမြို့ ဂု န္တန်ရပ်ကွက်မှာ မွေးဖွားခဲ့ပြီး ၂၀၀၈ ခုနှစ် ဧပြီလ ၇ ရက်နေ့မှာ မန္တလေးဆေးရုံကြီးမှာ နှလုံးရောဂါနဲ့ ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။