လက်ပံတောင်းမှာ သီးနှံလျော်ကြေးအတွက် ရွာသားတွေဆန္ဒပြ
လက်ပံတောင်းတောင် ကြေးနီစီမံ ကိန်းဒေသက လျော်ကြေးယူမထားတဲ့လယ်တွေမှာ ဝမ်ပေါင်နဲ့ဦးပိုင်ကုမ္ပဏီတို့က သီးနှံတွေနဲ့ စိုက်ခင်းများ အပေါ် မြေတူးစက်တွေဖြတ်မောင်းပြီး ခြံစည်းရိုးကာ ခဲ့တာကြောင့် ပျက်စီးသွားတဲ့သီးနှံတွေ အတွက် လျော်ကြေးပေးဖို့ ဒေသခံလယ်သမားတွေက ဒီနေ့ ဆန္ဒပြတောင်းဆိုနေကြပါတယ်။
-
2013-10-25 -
-
-
Your browser doesn’t support HTML5 audio
လက်ပံတောင်းတောင ်ကြေးနီစီမံကိန်းဒေသက လျော်ကြေးယူမထားတဲ့လယ်တွေမှာ ဝမ်ပေါင်နဲ့ဦးပိုင်ကုမ္ပဏီတို့က သီးနှံတွေနဲ့ စိုက်ခင်းများအပေါ် မြေတူးစက်တွေဖြတ်မောင်းပြီး ခြံစည်းရိုးကာခဲ့တာကြောင့် ပျက်စီးသွားတဲ့သီးနှံတွေအတွက် လျော်ကြေးပေးဖို့ ဒေသခံလယ်သမားတွေက ဒီနေ့ ဆန္ဒပြတောင်းဆိုနေကြပါတယ်။
ကုမ္ပဏီကဖွင့်ထားတဲ့ ဆက်ဆံရေးရုံးရှေ့မှာ လယ်သမား ၂၀၀ လောက် ဆန္ဒပြနေကြတာဖြစ်တယ်လို့ သိရပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ တုံအလယ်ရွာက မစန္ဒာက အခုလိုပြောပါတယ်။
“လယ်ယာမြေပေါ်မှာရှိတဲ့ အသီးအနှံပင်တွေကို ဘူဒိုဇာတွေနဲ့ ထိုးပစ်တယ်၊ ကားတွေမောင်းတယ်၊ အဲဒါတွေအတွက် သီးနှံလျော်ကြေးကို ကျမတို့ဒေသခံတွေက တောင်းဆိုနေတာကို၊ ဘယ်မှာတောင်းဆိုရမလဲဆိုတာ တိကျတဲ့အဖြေကို မပေးတဲ့အတွက် ကျမတို့က ထိုင်ပြီးတော့တောင်းဆိုမှာပါရှင့်”
ယာမြေဧက ၁၀၀ ကျော်မှာစိုက်ထားတဲ့ သီးနှံတွေပျက်စီးသွားတာဖြစ်ပြီး၊ ကာလပေါက်ဈေးအရ တစ်ဧကမှာ စိုက်ထားတဲ့သီးနှံတန်ဖိုး က ၃ သိန်းလောက်ရှိတယ်လို့ ဆိုပါတယ်။
ဒီနေ့ ဆန္ဒပြတဲ့အကြောင်း တုံအလယ်ရွာသူ မစန္ဒာကို RFA ဝိုင်းတော်သားကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။