လက်ပန်းတောင်းတောင် အကြမ်းဖက်မှုအပေါ် အစိုးရတောင်းပန်
2012.12.15

သမ္မတရုံးဝန်ကြီးရဲ့ တောင်းပန်စကားဟာ နိုင်ငံတော်အစိုးရက တောင်းပန်တဲ့စကားရပ်အဖြစ် သံဃာထုက ယုံကြည်တယ်လို့ ဓမ္မဓဟာရကျောင်းဆရာတော်က ဒီကနေ့ တောင်းပန်ပွဲ အခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။
ဒီကနေ့ တောင်းပန်ပွဲကို သံဃာတော်အပါး ၁၀၀ ကျော် တက်ရောက်ခဲ့ပြီး တောင်းပန်တဲ့ စကားရပ်ကို ထေရဝါဒ သာသနာအစဉ်အလာအရ ပါဌိလို ရွတ်ဖတ်တိုင်ကြားပေးခဲ့ပြီး ဝန်ကြီးနဲ့အတူ တက်ရောက် လာတဲ့တာဝန်ရှိသူတွေက လိုက်ပါ ရွတ်ဆိုခဲ့ကြတယ်လို့ သိရပါတယ်။
မိုက်မဲတဲ့အလျောက် တွေဝေတဲ့အလျောက် မလိမ္မာတဲ့အလျောက် သံဃာတော်ကို ကိုယ်ထိလက်ရောက် ကျူးလွန်မိတဲ့ အပြစ်ကို သံဃာတော်အရှင်သူမြတ်တို့က ကရုဏာ အားဖြင့် ခွင့်လွှတ်ပေးပါရန် ရွတ်ဆိုခဲ့ကြပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးလှထွန်းကို RFA အဖွဲ့သား ကိုကျော်ကျော်အောင်က မေးမြန်းတင်ပြထားတာကို နားဆင်နိုင်ပါတယ်။
![]() |
အသံဖိုင်နားထောင်ရန် |
![]() |
အသံဖိုင်ယူရန်။ |
အစိုးရဖက်က အခုလို တောင်းပန်တာကို ဒဏ်ရာရ သံဃာတွေနဲ့ ဆန္ဒပြသံဃာအများစုက ကျေနပ်ကြ တယ်လို့လည်း သိရပါတယ်။
ဒီတောင်းပန်ပွဲမှာ တက်ရောက်ခဲ့တဲ့ မဟာဂန္ဓာရုံကျောင်းတိုက်မှ ဆရာတော် ဦးသောဘိတ ကို RFA သတင်းထောက် မဇင်မာဝင်းက ဆက်သွယ်မေးမြန်းလျှောက်ထားချက်ကိုလည်း တဆက်တည်း နားဆင်နိုင်ပါတယ်။
![]() |
အသံဖိုင်နားထောင်ရန် |
![]() |
အသံဖိုင်ယူရန်။ |
တခြားဒဏ်ရာရသံဃာတော်တွေနဲ့ ဆန္ဒပြသံဃာတော်တွေရဲ့သဘောထားကို RFA အဖွဲ့သား ဦးတင်အောင်ခိုင် စုစည်းတင်ပြထားတာကိုလည်း နားဆင်နိုင်ပါတယ်။
![]() |
အသံဖိုင်နားထောင်ရန် |
![]() |
အသံဖိုင်ယူရန်။ |