ပျောက်ဆုံး တောင်တက်သမား ၂ ဦးကိုရှာဖွေရေး တရုတ် ကူညီမည်
2014.09.12
ခါကာဘိုရာဇီတောင်တက်ခရီးစဉ်မှာ ပျောက်ဆုံးနေတဲ့ တောင်တက်သမားနှစ်ဦးကို ရှာဖွေဖို့အတွက် တရုတ်နိုင်ငံက ကယ်ဆယ်ရေးအဖွဲ့တစ်ဖွဲ့စေလွှတ်မယ်လို့ သိရပါတယ်။
ယူနန်ပြည်နယ်က အဖွဲ့ဝင် ၈ ဦးခန့် ပါဝင်မယ့် အဖွဲ့တစ်ဖွဲ့ မကြာခင် ရောက်ရှိလာမှာဖြစ်ပြီး လောလော ဆယ် ရာသီဥတုမကောင်းတဲ့အတွက် ရှာဖွေရေးလုပ်ငန်းတွေ နှောင့်နှေးနေတယ်လို့ တက္ကသိုလ် ခြေလျင်နှင့် တောင် တက်အသင်း အလုပ်အမှုဆောင် ကိုထွန်းလှအောင်က ပြောပါတယ်၊
"ယူနန်ပြည်နယ်ကပဲ သူတို့ ပူးပေါင်းပါဝင်ကူညီမယ်လို့တော့ ကြားသိထားရပါတယ်၊ အကြမ်းမျဉ်း လူ ၈ ယောက်နဲ့ ၁၀ ယောက်ဝန်းကျင်ခန့် တရုတ်နိုင်ငံဘက်က သူတို့ ကူညီကယ်ဆယ်ရေး ပစ္စည်းအပြည့် အစုံနဲ့ မြန်မာနိုင်ငံကိုလာမယ်လို့ ကျနော်တို့ ကြားသိထားပါတယ်ခင်ဗျ၊ ဒီကယ်ဆယ်ရေးအတွက်တော့ အတက်နိုင်ဆုံးကြိုးစားဆောင်ရွက်နေပေမဲ့ ရာသီဥတုနေအထားကြောင့် ကျနော်တို့ နည်းနည်း ကြန့်ကြာမှှုလေးတွေ ရှိနေတယ်ခင်ဗျ၊ ပူတာအိုကနေပြီးတော့ ထူးကုမ္ပဏီက ရဟတ်ယာဉ်ရယ်၊ တပ်မတော် ရဟတ်ယာဉ် ၂ စီးနဲ့ကတော့ မနေ့က စပြီးတော့ သူတို့ တောင်တန်းတွေကို ထွက်ခွါ ပြီးတော့ လူနဲ့ ရိက္ခာတွေ၊ လိုအပ်တဲ့ပစ္စည်းတွေကို တောင်တန်းတွေကို သူတို့ပို့ဆောင်နေပါတယ်၊ ရာသီဥတုကောင်းမွန်တဲ့ အချိန်မှာလည်း တောင်တန်းတွေကို ရဟတ်ယာဉ်ဆက်လက်ပျံသန်းဖို့ သူတို့အဆင်အသင့် စောင့်ဆိုင်းနေပါတယ်ခင်ဗျ၊ ကျန်တဲ့ရဟတ်ယာဉ်ကတော့ ပူတာအိုကနေပြီးတော့ အခု ဒီနေ့မှာတော့ ရာသီဥတုမကောင်းတဲ့အတွက် တောင်တန်းတွေဆီကို သူတို့မထွက်ခွာနိုင်ပဲနဲ့ သူတို့ စောင့်ဆိုင်းနေပါတယ်၊ ပူတာအို လေဆိပ်မှာပဲ ပစ္စည်းအပြည့်အစုံ၊ လိုက်ပါမယ့်လူ အပြည့်အစုံနဲ့ အဆင်အသင့်ရှိနေပါတယ်ခင်ဗျ"
ပျောက်ဆုံးနေသူတွေကတော့ တောင်တက်အဖွဲ့ရဲ့ အဖွဲ့ခေါင်းဆောင်ဖြစ်တဲ့ ကိုအောင်မြင့်မြတ်နဲ့ အဖွဲ့ မန်နေဂျာ ကိုဝေယံမင်းသူတို့ဖြစ်ပြီး၊ သူတို့နှစ်ဦးနဲ့ အဆက်အသွယ်ပြတ်တောက်နေတာ ၁၂ ရက် တိတိ ရှိနေပြီလို့ သိရပါတယ်။