ကျွန်းတွေနဲ့ ကမ်းခြေမြေနေရာတွေမှာ လုပ်ပိုင်ခွင့်ချမပေးဖို့ အရပ်ဘက်အဖဲ့ွတွေ တောင်းဆို


2019.01.08
Pazinkyun-622.jpg ထားဝယ်ခရိုင် လောင်းလုံမြို့နယ်က ပဲ့ဇင်ကျွန်းကို တွေ့ရစဉ်
Photo: Google Map

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် လောင်းလုံမြို့နယ်အတွင်းက ကျွန်းတွေနဲ့ ကမ်းခြေမြေနေရာတွေကို ခရီးသွားလုပ်ငန်းအကြောင်းပြပြီး မြေနေရာလုပ်ပိုင်ခွင့် လျှောက်ထားတာတွေကို တိုင်းအစိုးရအနေနဲ့ အလွယ်တကူ လုပ်ပိုင်ခွင့်ချမပေးဖို့နဲ့ ဒေသခံတွေရဲ့သဘောထားကို အလေးထားဖို့ ထားဝယ်ခရိုင်အခြေစိုက် အရပ်ဘက်အဖွဲ့ ၁၇ ဖွဲ့ က တောင်းဆိုလိုက်ပါတယ်။

Excellent Fortune Development Group ကုမ္ပဏီမန်နေဂျာ ဦးစိုင်းမျိုးဝင်း နာမည်နဲ့ မြေဧက ၂၇၀၊ First Dragon Construction ကုမ္ပဏီမန်နေဂျာ ဒေါ်နန်းခင်မြင့်ရီ နာမည်နဲ့ မြေဧက ၂၀ နီးပါးမှာ ခရီးသွားလုပ်ငန်းလုပ်ခွင့် လျှောက်ထားတယ်လို့ လောင်းလုံမြို့နယ် မြေစာရင်းဦးစီးဌာနက ကြေညာထားတာဖြစ်ပါတယ်။

လျှောက်ထားတဲ့မြေနေရာတွေဟာ ဒေသခံကမ်းနီးရေလုပ်သားတွေ မှီခိုနေရတဲ့ကျွန်းတွေဖြစ်ကြောင်း၊ ခေတ် အဆက်ဆက်မြေယာသိမ်းဆည်းမှုတွေကို ဒေသခံတွေသဘောဆန္ဒကို အလေးမထားဘဲ ဆောင်ရွက်ခဲ့ တာတွေကြောင့် အခုချိန်ထိဖြေရှင်းနိုင်ခြင်းမရှိသေးတဲ့ မြေယာပြဿနာတွေ ရှိနေဆဲဖြစ်ကြောင်း၊ နောက်ထပ်မြေ ယာပြဿနာသစ်တွေ ထပ်မံဖြစ်ပွားလာမှာကို စိုးရိမ်ကြောင်း အရပ်ဘက်အဖွဲ့တွေရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ခရီးသွားလုပ်ငန်းဖွံ့ဖြိုးအောင်ဆောင်ရွက်ဖို့အရေးဟာ အရေးကြီးပေမယ့် ထားဝယ်ဒေသရဲ့ အမှတ်သင်္ကေ တသမိုင်းတွေ၊ အများပိုင်မြေတွေ မဆုံးရှုံးစေရေးအတွက် စဉ်းစားလုပ်ဆောင်ဖို့လည်း တိုင်းအစိုးရကို တိုက်တွန်း ထားပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၇ ရက်နေ့ကစပြီး လောင်းလုံမြို့နယ်မှာရှိတဲ့ ပဲ့ဇင်ကျွန်း၊ ပညစ်ကျွန်း၊ ကျောက်တွင်းကမ်းခြေနဲ့ စမ်းလှမ်းကမ်းခြေအနီးက ကျွန်းတွေကို လုပ်ပိုင်ခွင့် လျှောက်ထားကြောင်းနဲ့ ဇန်နဝါရီလ ၅ ရက်နေ့ နောက်ဆုံး ထားကန့်ကွက်ဖို့ လောင်းလုံမြို့နယ်မြေစာရင်းရုံးက ကြေညာခဲ့ပါတယ်။

အဲဒီကြေညာချက်ကြောင့် လောင်းလုံမြို့နယ် ဒေသခံတွေက လက်မှတ်ရေးထိုးကန့်ကွက်တာတွေ ပြုလုပ်ခဲ့ပါတယ်။

အဲဒီလိုကန့်ကွက်မှုတွေ ရှိခဲ့ပေမယ့် တစ်စုံတစ်ရာ ထူးခြားမှုမရှိသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုကျော်လွင်ဦး ပေးပို့တာပါ။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။