RFA ဥက္ကဋ္ဌ Libby Liu သမ္မတဦးသိန်းစိန်နဲ့တွေ့ဆုံ
လွတ်လပ်တဲ့အာရှအသံ RFA အကြီးအကဲ Libby Liu ဟာ သမ္မတ ဦးသိန်းစိန်ကို နေပြည်တော် သမ္မတရုံးမှာ မနေ့ မနက်က သွားရောက်တွေ့ဆုံခဲ့ပါတယ်။ ဒီလိုတွေ့ဆုံရာ မှာ မြန်မာနိုင်ငံက ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး မှာ သတင်းလွတ်လပ်ခွင့်နဲ့ နည်းပညာပိုင်းတွေမှာ ကူညီပူးပေါင်းဆောင်ရွက်နိုင်ရေး ကိစ္စတွေကို ဆွေးနွေးခဲ့ကြပါတယ်။
-
2012-12-07 -
-
-
ဒီဇင်ဘာလ ၇ ရက်နေ့က RFA ဥက္ကဋ္ဌ Libby Liu သမ္မတဦးသိန်းစိန်နဲ့ တွေ့ဆုံစဉ်(ဝဲမှယာ - RFA အကြီးအကဲ Libby Liu၊ သမ္မတဦးသိန်းစိန်နဲ့ BBG Governor Victor Ashe)
Photo: RFA
ဒီတွေ့ဆုံပွဲမှာ RFA ဥက္ကဋ္ဌ Ms.Libby Liu နဲ့အတူ ဝါရှင်တန်အခြေစိုက် အမေရိကန်ပြည်ထောင်စု နိုင်ငံတကာ အသံလွှင့်လုပ်ငန်းများ အုပ်ချုပ်မှုအဖွဲ့ BBG က Victor Ashe၊ RFA ရန်ကုန်ရုံး တာဝန်ခံ ဦးကျော်ကျော်အောင် တို့ပါဝင်ပါတယ်။
သမ္မတရုံးဖက်က ပြန်ကြားရေးဝန်ကြီး ဦးအောင်ကြည်၊ ဆက်သွယ်ရေးဝန်ကြီး ဦးသိန်းထွန်းနဲ့ သမ္မတရုံး တာဝန်ရှိသူတွေ တက်ရောက်ခဲ့ပါတယ်။
RFA ဥက္ကဋ္ဌ Ms.Libby Liu နဲ့ မြန်မာနိုင်ငံ သမ္မတ ဦးသိန်းစိန်တို့ သီးသန့်တွေ့ဆုံမေးမြန်းချက်
အသံဖိုင်နားထောင်ရန် |
|
အသံဖိုင်ယူရန်။ |