တရုတ်သံရုံးနား ဆန္ဒပြသူတွေကို ရုံးတင်စစ်ဆေး

လက်ပန်းတောင်းတောင် ကြေးနီ စီမံကိန်း အကြမ်းဖက်ဖြိုခွင်းခံခဲ့ရတဲ့ သံဃာတော်တွေအရေးနဲ့ ပတ်သက်ပြီး ဒီဇင်ဘာလ (၁) ရက်နေ့က တရုတ်သံရုံးနားအထိ ဆန္ဒဖော်ထုတ်ရာမှာ ပါဝင်ခဲ့လို့ တရားစွဲဆိုခံထားရတဲ့ ကိုဒီငြိမ်းလင်း၊ ကိုမိုးသွေး၊ ကိုအောင်မျိုးဦး ၊ မသန္တာတို့အပါအဝင် (၆) ဦးကို ကြည့်မြင်တိုင် နဲ့ အလုံမြို့နယ် တရားရုံးတွေမှာ ဒီကနေ့ ပထမအကြိမ် တရားရုံးတင် စစ်ဆေးခဲ့ပါတယ်။

2012.12.28
china_embassy_305 ီလက်ပန်းတောင်းသပိတ်ဖြိုခွဲမှုှ ဆန္ဒပြပွဲတွင် ဒီဇင်ဘာလ ၁ရက်နေ့က မြေနီကုန်းမှ တရုတ်သံရုံးကို ချီတက်လာသော ဆန္ဒပြသူများကို တွေ့ရစဉ်
Photo: RFA/Sai Htun Aung Lwin

တရားစွဲဆိုခံထားရသူ ( ၆ )ဦးဟာ ကြည့်မြင်တိုင် ၊ အလုံ၊ စမ်းချောင်း၊ ဒဂုံ အစရှိတဲ့ မြို့နယ်ရဲစခန်းတွေက တရားမဝင် စီတန်းလှည့်လည်မှုအရ ပုဒ်မ (၁၈)နဲ့ တရားစွဲဆိုခံထားရတာ ဖြစ်ပါတယ်။

ဒီကနေ့ ရုံးချိန်းမှာ အလုံမြို့နယ်နဲ့ ကြည့်မြင်တိုင်မြို့နယ်တရားရုံးတွေက တရားစွဲဆိုခံထားရသူ တစ်ဦးကို ကျပ် ၃ သိန်းစီ စုစုပေါင်း ကျပ် ၆ သိန်းနဲ့ အာမခံကြေး ပေးဆောင်ခဲ့ရတယ်လို့ တရားစွဲဆိုခံထားရသူတွေထဲက ကိုအောင်မျိုးဦးက RFA ကို ပြောပြပါတယ်။

မြို့နယ် လေးမြို့နယ်ကနေ တရားစွဲဆိုခြင်းခံထားရတဲ့ ကိုဒီငြိမ်းလင်း အပါအဝင် ၆ ဦးကို ရှေ့နေများ ကွန်ယက်အဖွဲ့ဝင် တွေက ရှေ့နေအဖြစ် လိုက်ပါဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။

ဒါ့အပြင် ဒီကနေ့ ရုံးချိန်းခေါ်ဆိုမှုမှာ တရားရုံးနှစ်ခုစလုံးက မနက် ( ၁၀) နာရီ တပြိုင်တည်း ခေါ်ယူခဲ့တဲ့အတွက် တရားရင်ဆိုင်နေရသူတွေ အခက်အခဲ ဖြစ်ရတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။