ဒီဥပဒေမူကြမ်းဟာ တောင်သူလယ်သမားတွေ လယ်ယာမြေ ပိုင်ဆိုင်ခွင့် ရပြီး မိမိတို့ရဲ့လယ်ယာမြေကို ပေါင်နှံ ချေးငှားခွင့်နဲ့ လက်ပြောင်း လက်လွှဲ လုပ်ပိုင်ခွင့်တွေ ရနိုင်မယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ဒီဥပဒေ မူကြမ်းမှာ လယ်သမားတွေ ရသင့်တဲ့ အခွင့်အရေး အတွက် ဖြည့်စွက်သင့်တာတွေလည်း ရှိနေသေးတယ်လို့ ဆိုပါတယ်။
လွှတ်တော်ကို ရောက်လာတဲ့ တိုင်စာတွေထဲမှာ အများစုက လယ်ယာ အသိမ်းဆည်း ခံနေရတဲ့ကိစ္စ ဖြစ်တာကြောင့် လယ်သမားတွေ နစ်နာချက်တွေကို ဒီနှစ် ဒီဇင်ဘာလ မတိုင်ခင်မှာ ဖေါ်ထုတ် ကူညီသွားမယ်လို့ လယ်ယာ စိုက်ပျိုးရေးနဲ့ ဆည်မြောင်း ဝန်ကြီးဌာန ဒုတိယဝန်ကြီးက လွှတ်တော်မှာ ကတိပေးသွားတယ်လို့ ဆိုပါတယ်။
ဒီအကြောင်းတွေနဲ့ ပတ်သက်လို့ NDF အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီရဲ့ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာမြဉာဏစိုးကို ကိုဉာဏ်ဝင်းအောင်က ဆက်သွယ်မေးမြန်းထားပါတယ်။
ဒီအတောအတွင်း ဒီကနေ့ ပြည်သူ့လွှတ်တော်မှာလည်း `မြန်မာ`ဆိုတဲ့ စကားလုံး သုံးစွဲမှုနဲ့ ပတ်သက်ပြီး ဘယ်လိုနေရာတွေ မှာသာ သုံးစွဲသင့်တယ် ဆိုတဲ့ အချက် အပါအဝင် ဆွေးနွေးကြတာတွေနဲ့ ပတ်သက်လို့ သင်္ကန်းကျွန်း မြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်ကို ဒေါ်ခင်ခင်အိက ဆက်သွယ် မေးမြန်းထားတာ နားဆင်ပါ။