၁၉၆၄ ခု အလုပ်သမားဥပဒေကို လွှတ်တော်က ပယ်ဖျက်
မြန်မာနိုင်ငံမှာ အလုပ်သမားအဖွဲ့အစည်း တစ်ခုပဲ ထားရှိရမယ်ဆိုတဲ့ ၁၉၆၄ ခုနှစ်က ပြဋ္ဌာန်းခဲ့တဲ့ အလုပ်သမား ဥပဒေဟောင်းကို နေပြည်တော်မှာ ဒီကနေ့ ကျင်းပတဲ့ လွှတ်တော်ကနေ တရားဝင် ပယ်ဖျက်လိုက်ပြီ ဖြစ်ပါတယ်။
-
2011-10-17 -
-
-
နိုင်ငံခြားသို့ တင်ပို့မည့် ဆန်အိတ်၊ ပဲအိတ်များကို ဆိပ်ကမ်းဂိုထောင်များသို့ သယ်ဆောင်နေသော ပခုံးထမ်း လုပ်သားများ ဖြစ်ပါသည်။ (Photo: AFP)
AFP
အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က ၁၉၆၄ ခုနှစ် အလုပ်သမားများ၏ အခြေခံရပိုင်ခွင့်များနှင့် တာဝန်များဥပဒေ ပယ်ဖျက်ရေးဆိုင်ရာ ဥပဒေမူကြမ်းကို အမျိုးသားလွှတ်တော်က ဒီကနေ့ အပြီးသတ် အတည်ပြု ဆုံးဖြတ်ခဲ့တာ ဖြစ်တယ်လို့ RFA ကို ပြောပါတယ်။
မြန်မာနိုင်ငံမှာ အလုပ်သမား အဖွဲ့အစည်း ထူထောင် ဖွဲ့စည်းခွင့်ဆိုင်ရာ ဥပဒေမူကြမ်း တစ်ရပ်ကို ပြီးခဲ့တဲ့ စက်တင်ဘာ လကုန်ပိုင်း အတွင်း ပြည်သူ့ လွှတ်တော်နဲ့ အမျိုးသား လွှတ်တော် နှစ်ရပ်လုံးရဲ့ သဘောတူညီချက်နဲ့ အတည်ပြု ပြဋ္ဌာန်းနိုင်ခဲ့ပါတယ်။
လက်ရှိ ကျင်းပနေတဲ့ လွှတ်တော် အစည်းအဝေးကို ဒီလကုန်ပိုင်းမှာ ရပ်နားဖွယ် ရှိကြောင်းနဲ့ နောက်ထပ် လွှတ်တော် အစည်းအဝေးကိုတော့ ၂၀၁၂ ခုနှစ် ဇန်နဝါရီလ အတွင်း ပြန်လည် ခေါ်ယူဖွယ် ရှိပါတယ်။ အဲဒီ လွှတ်တော် အစည်းအဝေးမှာ အစိုးရရဲ့ ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဆိုင်ရာ ဘတ်ဂျက် ကိစ္စတွေကို အလေးထား ဆွေးနွေးကြမယ်လို့ သိရှိရပါတယ်။