ဦးကိုနီလုပ်ကြံမှု ဖေဖော်ဝါရီလ ၁၅ ရက်နေ့ အပြီးသတ် အမိန့်ချမည်


2019.02.01
koni-murder-court-622.JPG ဦးကိုနီကို လုပ်ကြံခဲ့မှုမှာ ပါဝင်ပတ်သက်ခဲ့သူတွေကို ၂ဝ၁၉ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့က ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံးမှာ ရုံးထုတ်ခဲ့စဉ်
Photo: Kyaw Zaw Win/RFA

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥပဒေအကြံပေး ဦးကိုနီကို လုပ်ကြံခဲ့မှုမှာ ပါဝင်ပတ်သက်ခဲ့ကြောင်း စွဲချက်တင်ခံ ရသူအားလုံးကို ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှာ အပြီးသတ်အမိန့်ချမှတ်မယ်လို့ အမှုကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေတွေက ပြောပါတယ်။

ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံးမှာ အမှုနဲ့ ပတ်သက်ပြီး ၂ ဖက်ရှေ့နေတွေ ဒီနေ့ အပြီးသတ် လျောက်လဲချက်ပေး ခဲ့ပြီးဖြစ်တာကြောင့် နောက်တစ်ခေါက်ရုံးချိန်းမှာ အမှုကို အပြီးသတ် အမိန့်ချမှာလို့ တရားလို ရှေ့နေ ဦးနေလက ပြောပါတယ်။

၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၂၉ ရက်နေ့က မင်္ဂလာဒုံလေဆိပ်မှာ သေနတ်သမား ကြည်လင်းရဲ့ အနီးကပ်လုပ်ကြံ ခံခဲ့ရတဲ့ ဦးကိုနီ အမှုဟာ ၂ နှစ်ကျော်ကြာမြင့်နေပြီဖြစ်ပြီး ရုံးချိန်းပေါင်း ၁၀၀ ကျော် စစ်ဆေးခဲ့ပြီးဖြစ်ပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုကျော်ဇောဝင်း ပေးပို့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။