လိပ်ကျွန်းလူသတ်မှု အယူခံရက်တိုးဖို့ လျှောက်ထား
ထိုင်းနိုင်ငံ ခိုတောင်းကျွန်းက လူသတ်မှု အတွက် သေဒဏ်ချမှတ်ခံထားရတဲ့ ကိုဇော်လင်းနဲ့ ကိုဝင်းဇော်ထွန်းတို့အတွက် အယူခံဝင်ခွင့်သက်တမ်းတိုးပေးဖို့ သူတို့ရှေ့နေတွေက မနေ့က တင်သွင်းလိုက်ကြပါတယ်။
-
2016-03-23 -
-
-
ထိုင်းနိုင်ငံ ခိုထောင်းကျွန်း လူသတ်မှုနဲ့ တရားစွဲခံရတဲ့ မြန်မာနှစ်ဦးကို တွေ့ရစဉ်
www.thairath.co.th
ထိုင်းနိုင်ငံ ခိုတောင်းကျွန်းက လူသတ်မှုအတွက် သေဒဏ်ချမှတ်ခံထားရတဲ့ ကိုဇော်လင်းနဲ့ ကိုဝင်းဇော်ထွန်း တို့အတွက် အယူခံဝင်ခွင့်သက်တမ်းတိုးပေးဖို့ သူတို့ရှေ့နေတွေက မနေ့က တင်သွင်းလိုက်ကြပါတယ်။
အယူခံဝင်ခွင့်သက်တမ်းတိုးပေးဖို့ အခုတစ်ကြိမ်တင်ပြတာဟာ တတိယအကြိမ်ဖြစ်ပြီး လာမယ့် ဧပြီလ ၂၂ ရက်နေ့ထိ တိုးတောင်းထားတာဖြစ်ပါတယ်။ အယူခံမှာတင်ဖို့ စုဆောင်းနေတဲ့ အထောက်အထားတွေ လိုအပ်နေသေးတဲ့အတွက် အချိန်တိုးပြီးတောင်းဆိုတာလို့ ရှေ့နေတွေက ပြောပါတယ်။
အခုချိန်မှာ သူတို့နှစ်ယောက်ကို နခွန်ဆီ သမာရတ်အကျဉ်းထောင်မှာ ပို့ထားပါတယ်။