လူငယ်နှစ်ဦးအမှု ထိုင်းအစိုး ရဆောင်ရွက်ပေးလာတဲ့အထိ ဆန္ဒပြ သွားမယ်လို့ပြော

မြန်မာနိုင်ငံသား ကိုဇော်လင်းနဲ့ ကိုဝင်းဇော်ထွန်းတို့ကို သေဒဏ်ချမှတ်ခံထားရတာနဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံက တစ်စုံတစ်ရာ ဆောင်ရွက်ပေး သည်အထိ ဆန္ဒပြတောင်းဆို သွားမယ်လို့ ရန်ကုန်မြို့ ဗိုလ်စိန်မှန်ကွင်းမှာ ဆန္ဒပြတောင်းဆိုခဲ့တဲ့ သံဃာတော်တွေ က မိန့်ကြားလိုက်ပါတယ်။

လိပ်ကျွန်းလူသတ်မှုနဲ့ သေဒဏ်ချခံရတဲ့ မြန်မာနှစ်ဦးကို ပြန်လွှတ်ပေးဖို့ ဒီဇင်ဘာလ ၂၉ ရက်နေ့က ရန်ကုန်မြို့ ဗိုလ်စိန်မှန်ကွင်းမှာ ဆန္ဒပြတောင်းဆိုကြစဉ် Photo: Aung Thain Kha/ RFA

မြန်မာနိုင်ငံသား ကိုဇော်လင်းနဲ့ ကိုဝင်းဇော်ထွန်းတို့ကို သေဒဏ်ချမှတ်ခံထားရတာနဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံက တစ်စုံတရာ ဆောင်ရွက်ပေးသည်အထိ ဆန္ဒပြတောင်းဆို သွားမယ်လို့ ရန်ကုန်မြို့ ဗိုလ်စိန်မှန်ကွင်းမှာ ဆန္ဒပြတောင်းဆိုခဲ့တဲ့ သံဃာတော်တွေက မိန့်ကြားလိုက်ပါတယ်။

ဒီကနေ့ ၆ ရက်မြောက်နေ့အဖြစ် ဆန္ဒပြတောင်းဆိုပွဲမှာ ဆရာတော် ဦးအင်္ဂုရက မိန့်ကြားခဲ့တာဖြစ်ပါတယ်။

"အခုလုပ်ရမယ့် အနေအထားက အဆင့်ဆင့်ရှိပါတယ်၊ တစ်နေ့က ရွှေတိဂုံဘုရားမှာ ဆုတောင်းပွဲလုပ်တယ်၊ အခုဆန္ဒထုတ်ဖော်တယ်၊ ဆန္ဒထုတ်ဖော်ပွဲကိုလည်း ဆက်တိုက်လုပ်ပြီးမှ တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ လုပ်ဖို့ အနေအထားတွေလဲ ဆက်လှမ်းရပါမယ်၊ အခုလို ကိုဇော်လင်းနဲ့ ကိုဝင်းဇော်ထွန်း ခံနေရတဲ့အချိန်ဟာ စက္ကန့်နဲ့ မိနစ်နဲ့အမျှ အရေးကြီးနေတဲ့အချိန်ဖြစ်ပါတယ်၊ အရေးကြီးနေတဲ့ အချိန်ဖြစ်ပါတယ်၊ ဒါကြောင့်ဦးဇင်းတို့အချင်းချင်း ဘယ်လက်နာလဲ ကိုယ့်လက်ပါပဲ၊ ညာလက်နာလဲ ကိုယ့်လက်ပါပဲ"

ဆန္ဒထုတ်ဖော်ပွဲကို ရဟန်းသံဃာတော်တွေနဲ့ လူပရိသတ် ၂၀၀ လောက် တက်ရောက် ခဲ့ကြပြီး ကိုဇော်လင်းနဲ့ ကိုဝင်းဇော်ထွန်းတို့ကို လွှတ်ပေးဖို့ စာတမ်းပါတဲ့ ပိုစတာတွေ ဗီနိုင်းတွေကိုင်ဆောင်ခဲ့ကြပါတယ်။

ထိုင်းသံရုံးကို အိပ်ဖွင့်ပေးစာပေးဖို့အတွက် ဆရာတော် ဦးပါမောက္ခ ဦးဆောင်ကာ ရဟန်းသံဃာတွေနဲ့ လူအင်အား ၂၀၀ လောက်ဟာ ဆန္ဒထုတ်ဖော်ပွဲ ကျင်းပခဲ့တဲ့ ဗိုလ်စိန်မှန်ကွင်းကနေ ထိုင်းသံရုံးကို ဆက်လက်ချီတက်ခဲ့ကြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org