မြန်မာလူငယ်နှစ်ဦး အာမခံ ဘတ်ငွေ ၅ သိန်း ထိုင်းတရားရုံး သတ်မှတ်

ထိုင်းနိုင်ငံ ခိုတောင်းကျွန်းလူသတ်မှုနဲ့ ဖမ်းဆီးခံထားရတဲ့ မြန်မာအလုပ် သမားနှစ်ဦးအတွက် ဘတ်ငွေ ၅သိန်းနဲ့ အာမခံလျှောက် ထားနိုင်ကြောင်း Koh Samuei ခရိုင် တရားသူကြီးက ဒီနေ့ ပြောလိုက်ပါတယ်။

ဗြိတိန်နှစ်ယောက်ကို သတ်ခဲ့တယ်လို့ ထိုင်းရဲက စွပ်စွဲဖမ်းဆီးထားတဲ့ မြန်မာနှစ်ဦးကို မြင်ရစဉ် Photo: BangKok Post

ထိုင်းနိုင်ငံ ခိုတောင်းကျွန်းလူသတ်မှုနဲ့ ဖမ်းဆီးခံထားရ တဲ့ မြန်မာအလုပ်သမားနှစ်ဦးအတွက် ဘတ်ငွေ ၅သိန်းနဲ့ အာမခံလျှောက်ထားနိုင်ကြောင်း Koh Samuei ခရိုင် တရားသူကြီးက ဒီနေ့ ပြောလိုက်ပါတယ်။

မြန်မာအလုပ်သမားနှစ်ဦးကို ခရိုင်တရားရုံးမှာ ဒီနေ့ ရုံးထုတ်ရာ ခရိုင်တရားသူကြီးက ပြောလိုက်တာဖြစ် တယ်လို့ မြန်မာသံရုံးအထူးအဖွဲ့ဝင် ရှေ့နေ ဦးအောင်မျိုးသန့်က ပြောပါတယ်။

"သက်တမ်းထပ်တိုးပါတယ်၊ ၂ ရက် ၆ လ ၂ဝ၁၄ အထိ အကျုံးဝင်ပါတယ်၊ ဒီကြားထဲမှာ ကလေးဖက် ကလည်း သံရုံးရဲ့ထောက်ခံချက်နဲ့ အာမခံလျှောက် ထားမယ် ဆိုရင်တော့ ခိုင်လုံတဲ့ တစ်ယောက်ကို ၅ သိန်းတန်နဲ့ အာမခံလျှောက်ထားမယ်ဆိုရင်တော့ တရားသူကြီး အနေနဲ့ စဉ်းစားပေးလို့ရတယ်ဆိုတာ တရားရုံးအနေ နဲ့ပြောလိုက်တာပါ"

မြန်မာအလုပ်သမား နှစ်ဦးကို အာမခံရရှိအောင် သံရုံးထောက်ခံချက်နဲ့ မကြာခင်လျှောက်ထားသွားမှာ ဖြစ်တယ် လို့ သိရပါတယ်။

ထိုင်းနိုင်ငံ ဥပဒေအရ အမှုတည်ဆောက်ဖို့အတွက် ရမန် ၇ ကြိမ်ထိ လျှောက်နိုင်ပြီး အမှုမတင်နိုင်ရင် တရားခံတွေ ကို တရားသေအဖြစ် ကွင်းလုံးကျွတ်လွတ်နိုင်တဲ့ အခွင့်အရေးရှိတယ်လို့ သိရပါတယ်။

ထိုင်းနိုင်ငံတောင်ပိုင်း Kho Samuei ကျွန်းမှာ ဗြိတိန်နိုင်ငံသားနှစ်ဦး သတ်ဖြတ်ခံရမှုနဲ့ ပတ်သက်လို့ အဲဒီ့ကျွန်းမှာ အလုပ်လုပ်နေကြတဲ့ မြန်မာနိုင်ငံသားနှစ်ဦး သတ်တာဆိုပြီး ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးထားတာ ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org