သခင်ကိုယ်တော်မှိုင်း ကွယ်လွန်ခြင်း အထိမ်းအမှတ် ကျင်းပမည်

ငြိမ်းချမ်းရေးဗိသုကာ ဆရာကြီး သခင်ကိုယ်တော်မှိုင်း ကွယ်လွန်ခြင်း (၄၇) နှစ်ပြည့် အထိမ်းအမှတ် ကျင်းပဖို့ မိသားစုဝင်တွေ ပြင်ဆင်နေတယ်လို့ သတင်းရရှိ ပါတယ်။

မြန်မာနိုင်ငံ ပြည်တွင်း ငြိမ်းချမ်းရေးအတွက်သာမက ကမ္ဘာ့ ငြိမ်းချမ်းရေးအတွက်လည်း ကြိုးပမ်းဆောင်ရွက်ခဲ့သော ဆရာကြီး သခင်ကိုယ်တော်မှိုင်း ခေါ် ဦးလွန်း၏ ၁၉၅၈ ခုနှစ်က ဓာတ်ပုံဟောင်း တခုဖြစ်ပါသည်။ (Photo: Wikimedia) Photo: Wikimedia

ရန်ကုန်မြို့ စမ်းချောင်းမြို့နယ် ကျွန်းတော ဓမ္မာရုံမှာ မနက်ဖြန် ဇူလိုင်လ (၂၃) ရက် မနက် ၇ နာရီ ကနေ စတင် ကျင်းပမှာ ဖြစ်ပါတယ်။ မိသားစုဝင်တဦးက RFA ကို အတည်ပြု ပြောဆိုခဲ့ပြီး ဖိတ်စာနဲ့ ဖိတ်ကြားမှာ မဟုတ်တဲ့အကြောင်း ပြောပါတယ်။

ဆရာကြီး သခင်ကိုယ်တော်မှိုင်း ကွယ်လွန်ခြင်း နှစ်လည် အခမ်းအနားမှာ အရင်နှစ်က ကဗျာရွတ်ဆိုပွဲ ရှိခဲ့သလို ဒီနှစ်မှာလည်း ကဗျာရွတ်ပွဲရှိတဲ့ အကြောင်းနဲ့ လူငယ်တွေလည်း တက်ရောက်ကြမည့် အကြောင်း သိရပါတယ်။

ဆရာကြီးဟာ ၁၈၇၆ ခုနှစ် မတ်လ ၂၃ ရက်နေ့မှာ မွေးဖွားပြီး၊ ၁၉၆၄ ခုနှစ် ဇူလိုင်လ ၂၃ ရက်နေ့မှာ ကွယ်လွန်ခဲ့တာပါ။ ဆရာကြီးရဲ့ နယ်ချဲ့ ဆန့်ကျင်ရေးနဲ့အမျိုးသား လွတ်မြောက်ရေး လှုပ်ရှားမှု၊ ပြည်တွင်း ငြိမ်းချမ်းရေး လှုပ်ရှားမှုတွေ ထင်ရှားသလို၊ စာပေ ကဝိပညာရှိကြီး တဦး အဖြစ် အများက လေးစား ကြည်ညိုကြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org