ခြောက်လအတွင်း စစ်ကောင်စီတပ်သား သုံးရာနီးပါးသေဆုံးကြောင်း KNU ထုတ်ပြန်

RFA Burmese
2024.07.01
ခြောက်လအတွင်း စစ်ကောင်စီတပ်သား သုံးရာနီးပါးသေဆုံးကြောင်း KNU ထုတ်ပြန် ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O) တပ်ရင်း (၃) မှ တပ်ဖွဲ့ဝင်များအား တွေ့ရစဉ်။
KNU

ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေ ပဲခူးတိုင်း ညောင်လေးပင်ခရိုင်မှာ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O) နဲ့ စစ်ကောင်တပ်တွေ ၂၀၂၄ ဇန်နဝါရီလကနေ ဇွန်လကုန်အထိ ခြောက်လကြာ တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်က (၂၇၃) ဦး သေဆုံးပြီး (၁၅၁) ဦး ထိခိုက် ဒဏ်ရာရခဲ့တယ်လို့ KNU ဗဟိုက ဇူလိုင်လ ၁ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

KNU တပ်မဟာ ၃ ခလယ်လွီထူခရိုင်အတွင်းက K.N.D.O တပ်ရင်း (၃) နယ်မြေဖြစ်တဲ့ နတ်သံကွင်း−ကျောက်ကြီး−မူသယ်ကနေ ဖာပွန်ခရိုင်တပ်မဟာ ၅ နယ်စပ်အထိ စစ်ကောင်စီတပ်နဲ့ ခြောက်လအတွင်း တိုက်ပွဲ အကြိမ်တစ်ရာနီးပါးဖြစ်ပွားခဲ့တယ်လို့လည်း ဆိုပါတယ်။

တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်က ရိက္ခာပို့ရာမှာ အသုံးပြုတဲ့ မြင်း (၆၂) ကောင် သေဆုံးပြီး အကောင် (၄၀) ထိခိုက်ဒဏ်ရာရခဲ့သလို စစ်သုံးကား သုံးစီးနဲ့ ဆိုင်ကယ် ခုနစ်စီး ပျက်စီးခဲ့တယ်လို့လည်း ရေးသားထားပါတယ်။ KNU ဘက်ကလည်း တပ်ဖွဲ့ဝင်လေးဦး သေဆုံးခဲ့သလို ၁၇ ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

နှစ်ဖက်ထိခိုက်သေဆုံးမှုအရေအတွက်ကိုတော့ RFA အနေနဲ့ သီးခြား အတည်မပြုနိုင်သေးပါဘူး။

KNU ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က မေးမြန်းဖို့ ဖုန်းနဲ့ ဆက်သွယ်ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

၂ဝ၂၁ စစ်တပ်အာဏာသိမ်းချိန်ကနေ ၂ဝ၂၄ ခုနှစ် မေလအထိ ကရင်အမျိုးသားအစည်းအရုံး (KNU) အုပ်ချုပ်နယ်မြေအတွင်း နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ အရပ်သား ဆယ်သိန်းကျော်ရှိပြီး အဲဒီအထဲမှာ ညောင်လေးပင်ခရိုင်က ငါးသိန်းနီးပါးနဲ့ အများဆုံးဖြစ်တယ်လို့ KNU က ဇွန်လ ၂၀ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။