UPWC, NCCT အဖွဲ့ဝင်များ တပ်နေရာချထားရေး ဆွေးနွေး

ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ UPWC နဲ့ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ KNPP တို့ဟာ ကယားပြည်နယ်အစိုးရ အဖွဲ့ရုံးမှာ မနေ့က တွေ့ဆုံဆွေးနွေး ခဲ့ကြပြီး နှစ်ဖက်တပ်တွေ နေရာချထားရေးကို ဆွေးနွေးခဲ့ကြပါတယ်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ UPWC နဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ NCCT တို့ မေလ ၂၁ ရက်နေ့က မြန်မာ ငြိမ်းချမ်းရေးစင်တာမှာ တွေ့ဆုံဆွေးနွေးကြစဉ် Photo: Kyaw Htoon Naing / RFA

ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော် မတီ UPWC နဲ့ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ KNPP တို့ဟာ ကယားပြည်နယ်အစိုးရ အဖွဲ့ရုံးမှာ မနေ့ က တွေ့ဆုံဆွေးနွေးခဲ့ကြပြီး နှစ်ဖက်တပ်တွေ နေရာချ ထားရေးကို ဆွေးနွေးခဲ့ကြပါတယ်။

လွိုင်ကော်မြို့ ကယားပြည်နယ်အစိုးရုံးရုံးမှာ တွေ့ဆုံခဲ့ကြ တာဖြစ်ပြီး တပ်နေရာချ ထားရေး ကိစ္စတွေ မပြီးပြတ်သေးတဲ့အတွက် မနက်ဖြန် ရန်ကုန်မှာ ကျင်းပ မယ့် NCCT နဲ့ UPWC ဆွေးနွေးပွဲမှာ ဆက် လက်ဆွေးနွေးသွားမယ်လို့ KNPP က ဗဟိုအလုပ် အမှုဆောင် ဦးပလူးရယ်က ပြောပါတယ်။

အဲဒီဆွေးနွေးပွဲမှာ KNPP က တောင်းဆိုတဲ့ ဒေသ ဖွံဖြိုးရေးလုပ်ငန်းတွေကို ပြည်နယ်အစိုးရ ဒါမှမဟုတ် ပြည်ထောင်စုအစိုးရအနေနဲ့ ဖော်ဆောင်ပေးဖို့ အတွက်လည်း ဆွေးနွေးခဲ့တယ်လို့ ပြောပါတယ်။

ပြည်ထောင်စုဝန်ကြီးတွေဖြစ်ကြတဲ့ ဦးအောင်မင်း၊ ဦးစိုးသိမ်း၊ ဦးခင်ရီတို့ ဦးဆောင်တဲ့ UPWC အဖွဲ့နဲ့ KNPP တို့ဟာ မနေ့က ပြည်ထောင်စု အဆင့် လေးကြိမ်မြောက် တွေ့ဆုံခဲ့ကြတာ ဖြစ်ပါတယ်။

KNPP က ဗဟိုအလုပ်အမှုဆောင် ဦးပလူးရယ်ကို RFA သတင်းထောက် မဝေယံမိုးမြင့် က ဆက်သွယ်မေးမြန်း ထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org