တစ်ဖွဲ့ခြင်း မဆွေးနွေးလိုကြောင်း ကေအိုင်အိုပြော

KIO အနေနဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖေါ်ဆောင်မှု လုပ်ငန်းကော်မတီနဲ့ တစ်ဖွဲ့ခြင်းမဆွေးနွေးလိုပဲ ညီညွှတ်သောတိုင်းရင်းသားများဖယ်ဒရယ်ကောင်စီ UNFC နဲ့ ဆွေးနွေးရင် ပိုပြီးသင့်လျော်မှာဖြစ်တယ်လို့ အကြောင်းပြန်ကြားစာ ပေးပို့လိုက်ပါတယ်။

KIO အဖွဲ့ဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့မှာ ကျင်းပသည့် ကချင်တော်လှန်ရေးနေ့ နှစ်ပတ်လည် အခမ်းအနားတွင် စစ်ရေးပြနေသော KIA တပ်ဖွဲ့ဝင်များပုံ
KIO အဖွဲ့ဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့မှာ ကျင်းပသည့် ကချင်တော်လှန်ရေးနေ့ နှစ်ပတ်လည် အခမ်းအနားတွင် စစ်ရေးပြနေသော KIA တပ်ဖွဲ့ဝင်များပုံ (Photo: kachinstate.com)

ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော်မတီက KIO အဖွဲ့ကို ဇန်နဝါရီလ ၁၉ရက်နေ့က တွေ့ဆုံဆွေးနွေးဖို့အတွက် ပန်ကြားချက်အပေါ်မှာ KIO က အခုလို အကြောင်းပြန်လိုက်တာဖြစ်ပါတယ်။

အခုလို ဆုံးဖြတ်လိုက်တာနဲ့ပတ်သက်ပြီး KIOအဖွဲ့အကြောင်းပြတာကတော့ အစိုးရက လဂျားယန်ဒေသဖက်မှာ နယ်မြေရှင်းလင်းရေး ရပ်ဆိုင်းထားမယ်လို့ ဇန်နဝါရီလ ၁၉ရက်နေ့က ကြေညာခဲ့ပေမယ့် ဆက်လက်ပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေ တိုက်ပွဲတွေ ရှိနေတာကြောင့်ဖြစ်တယ်လို့ KIO ပြောခွင့်ရပုဂ္ဂိုလ် ဦးလာနန်း က ပြောပါတယ်။

UNFC တပ်ပေါင်းစုလို့ လူသိများတဲ့ ညီညွှတ်သောတိုင်းရင်းသားများဖယ်ဒရယ်ကောင်စီဟာ လက်နက်ကိုင်တိုင်းရင်းသား ၁၁ဖွဲ့နဲ့ ဖွဲ့စည်းထားတဲ့အဖွဲ့ဖြစ်ပြီး အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ စစ်မှန်သော ပြည်ထောင်စုဖွဲ့စည်းရေးအတွက် တောင်းဆိုနေတဲ့အဖွဲ့ ဖြစ်ပါတယ်။

ကေအိုင်အို အကြောင်းပြန်ထားတဲ့အချက်ဟာ UNFC နဲ့ သက်ဆိုင်တာကြောင့် UNFC ရဲ့ အထွေထွေအတွင်းရေးမှူး နိုင်ဟံသာကို RFA ဝိုင်းတော်သား ဦးတင်အောင်ခိုင် ဆက်သွယ်မေးမြန်းထားပါတယ်။

0:00 / 0:00