တစ်ဖွဲ့ခြင်း မဆွေးနွေးလိုကြောင်း ကေအိုင်အိုပြော
2013.01.21

Photo: kachinstate.com
ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော်မတီက KIO အဖွဲ့ကို ဇန်နဝါရီလ ၁၉ရက်နေ့က တွေ့ဆုံဆွေးနွေးဖို့အတွက် ပန်ကြားချက်အပေါ်မှာ KIO က အခုလို အကြောင်းပြန်လိုက်တာဖြစ်ပါတယ်။
အခုလို ဆုံးဖြတ်လိုက်တာနဲ့ပတ်သက်ပြီး KIOအဖွဲ့အကြောင်းပြတာကတော့ အစိုးရက လဂျားယန်ဒေသဖက်မှာ နယ်မြေရှင်းလင်းရေး ရပ်ဆိုင်းထားမယ်လို့ ဇန်နဝါရီလ ၁၉ရက်နေ့က ကြေညာခဲ့ပေမယ့် ဆက်လက်ပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေ တိုက်ပွဲတွေ ရှိနေတာကြောင့်ဖြစ်တယ်လို့ KIO ပြောခွင့်ရပုဂ္ဂိုလ် ဦးလာနန်း က ပြောပါတယ်။
UNFC တပ်ပေါင်းစုလို့ လူသိများတဲ့ ညီညွှတ်သောတိုင်းရင်းသားများဖယ်ဒရယ်ကောင်စီဟာ လက်နက်ကိုင်တိုင်းရင်းသား ၁၁ဖွဲ့နဲ့ ဖွဲ့စည်းထားတဲ့အဖွဲ့ဖြစ်ပြီး အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ စစ်မှန်သော ပြည်ထောင်စုဖွဲ့စည်းရေးအတွက် တောင်းဆိုနေတဲ့အဖွဲ့ ဖြစ်ပါတယ်။
ကေအိုင်အို အကြောင်းပြန်ထားတဲ့အချက်ဟာ UNFC နဲ့ သက်ဆိုင်တာကြောင့် UNFC ရဲ့ အထွေထွေအတွင်းရေးမှူး နိုင်ဟံသာကို RFA ဝိုင်းတော်သား ဦးတင်အောင်ခိုင် ဆက်သွယ်မေးမြန်းထားပါတယ်။
![]() |
အသံဖိုင်နားထောင်ရန် |
![]() |
အသံဖိုင်ယူရန်။ |