ကေအိုင်အိုက အစိုးရထံ အကြောင်းပြန်

ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီက ဇန်နဝါရီလ ၁၉ရက်နေ့ မနေ့က KIO အဖွဲ့ ကိုပေးပို့တဲ့ တွေ့ဆုံညှိနှိုင်းဆွေးနွေးရေးအတွက် ကမ်းလှမ်းချက်စာကို လက်ခံရရှိပါကြောင်း KIO အဖွဲ့ က ဒီကနေ့ အကြောင်းပြန်ကြားစာတစောင်ကို ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ထံပေးပို့ခဲ့တယ်လို့ KIO က ပြောပါတယ်။

အစိုးရနဲ့ တွေ့ဆုံဆွေးနွေးနိုင်ဖို့အတွက် ကေအိုင်အို ဗဟိုကော်မတီက လက်ရှိ ဆွေးနွေးလျှက်ရှိပြီး အသေးစိတ်ကို ဆက်ပြီးအကြောင်း ပြန်ကြားသွားမှာဖြစ်တယ်လို့ ပြောပါတယ်။

ဒါပေမယ့် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီက ပေးပို့တဲ့စာမှာ ဖော်ပြထားတဲ့ နှစ်ဖက်တာဝန်ရှိသူများ မျက်နှာချင်းဆိုင်တွေ့ဆုံဖို့ ခက်ခဲမူရှိနေတဲ့ ကာလမှာ ပွင့်လင်းမြင်သာသော “Electronic Online” ဆွေးနွေးမှုတွေလုပ်ဖို့ အစိုးရဖက်က အဆိုပြုချက်ဟာ ဖြစ်နိုင်ခြေ မရှိဘူးလို့ KIO ပြောခွင့်ရ ပုဂ္ဂိုလ် ဦးလာနန်းက ပြောပါတယ်။

ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီရဲ့ စာမှာ ဇန်နဝါရီလ ၁၁ ရက်နေ့က ပြုလုပ်တဲ့ ပြည်သူ့လွတ်တော်ပုံမှန် အစည်းအဝေးကဆုံးဖြတ်ချက်အရ ပြည်သူတွေထံက ထွက်ပေါ်လာတဲ့ ပြည်သူ့ဆန္ဒကို အလေးအနက်ထားပြီး နှစ်ဘက်ဆွေးနွေးမူတွေလုပ်ဖို့၊ ယုံကြည်မူ တည်ဆောက်ဖို့၊ စစ်ရေး အရှိန်တင်းမာနေတာတွေကို လျော့ချပစ်ဖို့ သက်ဆိုင်ရာ နှစ်ဖက်လုံးကို တိုက်တွန်းထားကြောင်း ပါရှိပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org