ဒေသခံ ၈၀၀ ကျော် မြစ်ကြီးနားမှာ ဆန္ဒပြ
ကချင်ပြည်နယ် ဖားကန့်မြို့နယ် နန့် ယားကျေးရွာမှာ ပြီးခဲ့တဲ့ သြဂုတ်လ ၁၅ ရက်နေ့က တိုက်ပွဲဖြစ်ပွားမှုကြောင့် လက်နက်ကြီးကျရောက်ပြီး အလယ်တန်းကျောင်းဆရာမ တစ်ဦးအပါအဝင် ရွာသား တချို့ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ အတွက် တိုက်ပွဲတွေ ရပ်တန့်ဖို့ ဒေသခံ ၈၀၀ ကျော်က မြစ် ကြီးနားမြို့မှာ ဒီကနေ့ ဆန္ဒပြကြပါတယ်။
-
2016-08-28 -
-
-
ကချင်ပြည်နယ် ဖားကန့်မြို့နယ် နန့်ယားကျေးရွာမှာ ပြီးခဲ့တဲ့ သြဂုတ်လ ၁၅ ရက်နေ့က တိုက်ပွဲဖြစ်ပွား မှုကြောင့် လက်နက်ကြီးကျရောက်ပြီး အလယ်တန်းကျောင်းဆရာမ တစ်ဦးအပါအဝင် ရွာသား တချို့ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့အတွက် တိုက်ပွဲတွေ ရပ်တန့်ဖို့ ဒေသခံ ၈၀၀ ကျော်က မြစ်ကြီးနားမြို့မှာ ဒီကနေ့ ဆန္ဒပြကြပါတယ်။
ပြည်သူတွေရှိတဲ့ ကျေးရွာတွေထဲကို လက်နက်ကြီးတွေနဲ့ ပစ်တာမဖြစ်သင့်ကြောင်း ဆန္ဒပြပွဲ ဦးဆောင် သူတစ်ဦးဖြစ်တဲ့ ဦးခင်မောင်အေး က ပြောပါတယ်။
"ရွာထဲကို လက်နက်ကြီးနဲ့ ပစ်တဲ့အတွက် ဆရာမတစ်ယောက် ဒဏ်ရာရတယ်၊ ကျောင်းသား တစ်ယောက်ဒဏ်ရာရတယ်၊ ပြည်သူ့စစ်တစ်ယောက် ဒဏ်ရာရတယ်၊ အခုထက်ထိ ဆေးရုံက မဆင်းရသေးပါဘူး၊ ကျွန်တော်တို့ ပြည်သူတွေရှိတဲ့ ရွာထဲကို အဝေးကနေ လက်နက်ကြီးနဲ့ ပစ်တာလဲ။ ပျက်စီးစေလိုတာလား၊ ဖျက်ဆီးတာလား"
ပြီးခဲ့တဲ့ သြဂုတ်လ ၁၅ ရက်နေ့က အစိုးရတပ်မတော်ရဲ့ ရှေ့တန်းလှုပ်ရှားတဲ့ တပ်တွေနဲ့ ကေအိုင်အေ တပ်ရင်း ၆ တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာမှာ နေအိမ်တချို့လည်း ပျက်စီးခဲ့ပါတယ်။
အစိုးရတပ်မတော် နဲ့ ကေအိုင်အေတပ်တွေဟာ ဧရာဝတီမြစ်အရှေ့ဘက်ခြမ်း တရုတ် - မြန်မာနယ်စပ် ဆဒုံး - ကန်ပိုက်တီဒေသ၊ လိုင်ဇာဒေသတစ်ဝိုက်နဲ့ ဧရာဝတီမြစ်အနောက်ဘက်ခြမ်း ဟူးကောင်းနဲ့ ကာမိုင်းဒေသတွေမှာ ဇူလိုင်လကုန်ပိုင်းကစပြီး ဒီကနေ့အထိ နှစ်ဖက် စစ်ရေးတင်းမာနေတာ ဖြစ်ပါတယ်။
ဆန္ဒပြပွဲကို မြစ်ကြီးနား၊ မိုးကောင်း၊ ဝိုင်းမော်၊ မိုးညှင်း၊ ဖားကန့် စတဲ့ မြို့နယ်တွေက ဒေသခံတွေ ပါဝင်ခဲ့ကြပါတယ်။