KIOနဲ့ မြန်မာအစိုးရ တာဝန်ရှိသူတွေ ဇူလိုင်လ (၁၂) နဲ့ (၁၃) နှစ်ရက်ကြာ ဆွေးနွေးမှု နောက်ပိုင်း ဒီရက်ပိုင်းတွေအတွင်း ကချင်ပြည်နယ်မှာ တိုက်ပွဲတွေ ပိုဖြစ်ပွားလာတယ်လို့ သိရပါတယ်။ ဒီအတောအတွင်း တရုတ်မြန်မာ နယ်စပ်ကို ထွက်ပြေး ရောက်ရှိလာတဲ့ ကချင်စစ်ပြေးဒုက္ခသည် တစ်သောင်း ခြောက်ထောင်ကျော်ဟာ အစာရေစာ ဆေးဝါး လိုအပ်တဲ့ပြဿနာနဲ့ စတင်ရင်ဆိုင်နေရပြီလို့ ထိုင်းအခြေစိုက် ကချင်အမျိုးသမီး အစည်းအရုံး KWAT အဖွဲ့က မမွန်းနေလီက ပြောပါတယ်။ "ဒုက္ခသည်တွေ ရောက်နေတာက ၁၆၀၀၀ ဝန်းကျင်လောက် ရှိနေပြီပေါ့နော်။ သူတို့ကို အခြေခံ စားသောက်ဖို့ပေါ့နော်။ ပြီးလို့ရှိရင် မနာမကျန်း ဖြစ်နေတဲ့ သူတွေလည်း ရှိနေတယ်။ ကလေးတွေကလည်း ဝမ်းလျှောပြီး သေဆုံးတဲ့ သူတွေကလည်း ရှိနေတာပေါ့နော်" ကချင် စစ်ပြေးဒုက္ခသည်တွေရဲ့ နောက်ဆုံး အခြေအနေနဲ့ ပတ်သက်ပြီး KWATအဖွဲ့က မမွန်းနေလီကို ကိုဉာဏ်ဝင်းအောင်က ဆက်သွယ် မေးမြန်းထားပါတယ်။
0:00 / 0:00