ကာမိုင်းရဲစခန်းကို ကေအိုင်အေတပ်ရင်း ၆ က ဝင်ရောက်စီးနင်း

ကချင်ပြည်နယ် မိုးညှင်းခရိုင် ဖားကန့်မြို့နယ် ကာမိုင်းရဲစခန်းကို ဇန်နဝါရီလ ၁၉ရက် ဒီကနေ့ မနက်ပိုင်းက ဝင်ရောက်တိုက်ခိုက်ပြီး မီးရှို့ဖျက်ဆီးလိုက်တာဟာ ကေအိုင်အေ တပ်မဟာ ၂ လက်အောက်ခံ ကေအိုင်အေတပ်ရင်း ၆ က ဖြစ်တယ်လို့ အဲဒီတပ်ရင်း ၆ရဲ့တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး အင်ခွန်ဇော်ဒွဲ က RFA ကို အတည်ပြုပြောပါတယ်။

ကချင်ပြည်နယ် လိုင်ဇာမြို့ရှိ KIO ကချင်လွတ်မြောက်ရေးအဖွဲ့ ဌာနချုပ် သင်တန်းကျောင်းတွင် KIA တပ်ဖွဲ့ဝင်များ စစ်ရေးလေ့ကျင့်နေပုံ ဖြစ်ပါသည်။ (Photo: RFA) RFA

ဒီအဖြစ်အပျက်မှာ ကာမိုင်းမြို့နယ်ခွဲ ရဲစခန်းတစ်ခုလုံး မီးရှို့ဖျက်ဆီးခံလိုက်ရပြီး ရဲဝန်ထမ်းနှစ်ဦး သေဆုံးခဲ့ပြီး နှစ်ဦးက အပြင်းအထန် ဒဏ်ရာရရှိခဲ့တယ်လို့ ကာမိုင်းရဲစခန်းက ရဲဝန်ထမ်းတစ်ဦး က RFA ကို ပြောပါတယ်။

ကေအိုင်အေ တပ်အင်အား ၉၀လောက်ပါတဲ့အဖွဲ့ဟာ ဒီကနေ့ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ကာမိုင်းမြို့နယ် လျှပ်စစ်ဝန်ထမ်းနှစ်ဦးကိုလည်း ခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

အဲဒီ ဝန်ထမ်းနှစ်ဦးနဲ့ ပတ်သက်ပြီး RFA ကအခုထိအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၁၈ရက်နေ့တုန်းကလည်း ကေအိုင်အေ က ကာမိုင်းရဲစခန်းကို ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့တဲ့အတွက် ရဲဝန်ထမ်းနဲ့ မိသားစုတွေ ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။

အစိုးရကထုတ်ပြန်တဲ့ ငြိမ်းချမ်းရေးကမ်းလှမ်းတဲ့ ကြေညာချက်အပေါ် ကေအိုင်အေ တပ်ရင်း ၆တပ်ရင်းမှုး ဒုတိယဗိုလ်မှုးကြီး အင်ခွန်ဇော်ဒွဲ ကို RFA သတင်းထောက် မသူဇာ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါပြီ။

အသံဖိုင်နားထောင်ရန်
အသံဖိုင်ယူရန်။
2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org