ခဝဲခြံမျက်မမြင်ကျောင်းမှာ ကိုဗစ်ကူးစက်သူ ကိုးယောက်ရှိ၊ ဆေးဝါးအကူအညီ လိုအပ်

ရန်ကုန်မြို့ အင်းစိန်မြို့နယ်ထဲက ရန်ကုန်မျက်မမြင်ကျောင်း (ခဝဲခြံ) မှာ ကိုရိုနာဗိုင်းရပ်စ် ပိုးတွေ့ရှိသူ ကိုးယောက်အထိရှိနေပြီး လက်ရှိမှာ ဆေးဝါး အကူအညီ လိုအပ်နေတယ်လို့ ရန်ကုန်မျက်မမြင်ကျောင်း (ခဝဲခြံ) ရဲ့ကျောင်းအုပ် သိက္ခာတော်ရဆရာ ဦးသိန်းလွင် က RFA ကို ပြောပါတယ်။

ရန်ကုန်မျက်မမြင်ကျောင်း(ခဝဲခြံ)မှာ နေထိုင်သူတွေကို တွေ့ရစဉ် Photo: ရန်ကုန်မျက်မမြင်ကျောင်း (ခဝဲခြံ)

ရန်ကုန်မြို့ အင်းစိန်မြို့နယ်ထဲက ရန်ကုန်မျက်မမြင်ကျောင်း (ခဝဲခြံ) မှာ ကိုရိုနာဗိုင်းရပ်စ် ပိုးတွေ့ရှိသူ ကိုးယောက်အထိရှိနေပြီး လက်ရှိမှာ ဆေးဝါးအကူအညီ လိုအပ်နေတယ်လို့ ရန်ကုန် မျက်မမြင်ကျောင်း (ခဝဲခြံ) ရဲ့ ကျောင်းအုပ် သိက္ခာတော်ရ ဆရာဦးသိန်းလွင်က RFA ကို ပြောပါတယ်။

“လက်ရှိမှာတော့ ဆေးလိုတယ်။ ဆေးနဲ့ပတ်သက်တာ လိုတယ်။ အာဟာရတို့ ဘာတို့လိုမယ်။ ကြက်ဥပိုင်းလည်း လိုတာပေါ့။ နောက်ပြီး အစားအသောက်ပိုင်းတွေ ထွက်မဝယ်နိုင်တော့ဘူးလေ”

ဒါ့အပြင် ကျန်းမာရေးဝန်ထမ်းတွေလည်း ရန်ကုန်မျက်မမြင်ကျောင်း (ခဝဲခြံ) ဝန်းထဲမှာ လိုအပ်နေသလို ဆေးသောက်ဖို့အတွက် ညွှန်ကြားပေးမယ့်သူလည်း မရှိသေးဘူးလို့ ဆိုပါတယ်။

ရန်ကုန်မျက်မမြင်ကျောင်း (ခဝဲခြံ) မှာ ဇူလိုင် ၂၄ ရက်နေ့က ဖျားနာသူတွေကို ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးတဲ့ Test Kits နဲ့ စစ်ဆေးခဲ့ပြီး ကိုးယောက်မှာ ကိုရိုနာဗိုင်းရပ်စ် ပိုးတွေ့ရှိခဲ့တာပါ။

ဒီလို ပိုးတွေ့ပြီးနောက်မှာလည်း အရင်ကလို ကျန်းမာရေးနဲ့ ပတ်သက်လို့ ဘယ်ဌာန၊ အဖွဲ့အစည်းကို အကြောင်းကြား ရမယ်ဆိုတာကိုလည်း မသိခဲ့ရဘူးလို့ဆိုပါတယ်။

ပိုးတွေ့ရှိသူ ကိုးယောက်ထဲက တစ်ယောက်ကို ဇူလိုင် ၂၄ ရက်နေ့က ဆေးရုံပို့ခဲ့ပေမယ့် ဇူလိုင် ၂၅ ရက်နေ့ ည ၉ နာရီခွဲ အချိန်မှာ ကွယ်လွန်သွားပြီဖြစ်တယ်လို့လည်း သိရပါတယ်။

လက်ရှိမှာတော့ ကျောင်းဝန်းအတွင်း ဆေးဖြန်းဖို့အတွက် အလှူငွေတချို့ ရထားပြီး ပြီးခဲ့တဲ့ တစ်ပတ်အတွင်း မှာလည်း ကြက်ဥတချို့ ရထားတယ်လို့ ပြောပြပါတယ်။

ရန်ကုန်မျက်မမြင်ကျောင်း (ခဝဲခြံ) ဒါမှမဟုတ် မြန်မာနိုင်ငံ ခရစ်ယာန်မျက်မမြင်များ မိတ်သဟာယ (မခမမ) လို့ခေါ်တဲ့ ဒီကျောင်းကို ဇူလိုင် ၉ ရက်နေ့ကစလို့ အသွားအလာကန့်သတ် Lock down ချထားခဲ့တာ ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org