တောမီးကြောင့် ရွာသား ၃ ဦး သေဆုံး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့နယ်၊ မဟူတောင်ပေါ်မှာ မနေ့က တောမီးလောင်မှုကြောင့် အသက်နှစ်ဆယ်ကျော်အရွယ် ရွာသား ၃ ယောက် သေဆုံးခဲ့ပြီး ၃ ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့နယ်၊ မဟူတောင်ပေါ်မှာ ၂ဝ၁၉ ခုနှစ် မတ်လ ၃ဝ ရက်နေ့က တောမီးလောက်ခဲ့တဲ့ နေရာကို တွေ့ရစဉ် Photo : Tun Tun Win

စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့နယ်၊ မဟူတောင်ပေါ်မှာ မနေ့က တောမီးလောင်မှုကြောင့် အသက်နှစ်ဆယ်ကျော် အရွယ် ရွာသား ၃ ယောက် သေဆုံးခဲ့ပြီး ၃ ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။

တောစပ်မှာရှိတဲ့ ပါဟဲမြောက်ရွာက ရွာသား ၆ ယောက်ဟာ တောထဲမှာ မနေ့က သစ်ခွပန်းသွားရှာစဉ် တောမီးလောင်မှုကြောင့် နေရာမှာပင် ၂ ယောက် သေဆုံးခဲ့တာလို့ သိရပါတယ်။

တောမီးကနေ လွတ်မြောက်ခဲ့သူ ၄ ယောက်ထဲက ပြင်းထန်ဒဏ်ရာရထားတဲ့ ၂ ယောက်ကို ကနီဆေးရုံကနေ မုံရွာဆေးရုံကို ဒီနေ့ ပို့ဆောင်စဉ် လမ်းမှာနောက်ထပ်တစ်ယောက် သေဆုံးသွားခဲ့တာလို့ စစ်ကိုင်းတိုင်းဒေသကြီး ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစဝီလီဖရန့်စ် က RFA ကို ပြောပါတယ်။

သေဆုံးသွားသူတွေအတွက် တစ်ယောက်ကို ငွေကျပ် ၃ သိန်းနှုန်းနဲ့ ထိခိုက်ဒဏ်ရာရသူတွေအတွက် တစ်ယောက်ကို ၅ သောင်းနှုန်း လူကယ်ပြန်က ထောက်ပံ့ဖို့စီစဉ်နေတယ်လို့လည်း သိရပါတယ်။

ကနီမြို့နယ်မှာ အခုလို တောမီးကြောင့် လူသေဆုံးတာ ဒါပထမဆုံးအကြိမ်ဖြစ်တယ်လို့ သိရပါတယ်။

ဒီသတင်းကို RFA သတင်းထောက် မသီရိမင်းဇင် ပေးပို့တာပါ။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org