အစုအပြုံလိုက်သေဆုံးခဲ့တဲ့ ကန့်ဘလူ လေကြောင်းတိုက်ခိုက်မှု KIO ပြင်းပြင်းထန်ထန်ရှုတ်ချ

RFA Burmese
2023.04.15
အစုအပြုံလိုက်သေဆုံးခဲ့တဲ့ ကန့်ဘလူ လေကြောင်းတိုက်ခိုက်မှု KIO ပြင်းပြင်းထန်ထန်ရှုတ်ချ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့် အဆောက်အအုံ အချို့ကို ၂၀၂၃ ခုနှစ် ဧပြီလ ၁၁ ရက်နေ့က တွေ့ရစဉ်။
Citizen Journalist

ဧပြီလ ၁၁ ရက်နေ့က စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ပဇီကြီးကျေးရွာမှာ ကလေးငယ်တွေ အပါအဝင် ပြည်သူ ၁၀၀ ကျော်ကို စစ်ကောင်စီက လေကြောင်းကနေ ရက်ရက်စက်စက် တိုက်ခိုက် သတ်ဖြတ်မှုကို ပြင်းထန်စွာရှုတ်ချကြောင်း ကချင် လွတ်မြောက်ရေးအဖွဲ့ KIO က ဧပြီ ၁၅ ရက် ဒီကနေ့ ကြေညာချက် ထုတ်ပြန်ပါတယ်။

စစ်ရေးပစ်မှတ်မဟုတ်တဲ့ ပဇီကြီးကျေးရွာကို စစ်ကောင်စီက တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခြင်း၊ Mi 35 တိုက်ခိုက်ရေး ရဟတ်ယာဉ်နဲ့ အကြိမ်ကြိမ် တိုက်ခိုက်ခြင်းကြောင့် ကလေးငယ်တွေအပါအဝင် အပြစ်မဲ့ရွာသူရွာသားတွေ တစ်ရာကျော် အစုအပြုံလိုက်သေဆုံးခဲ့ရပြီး ပြည်သူအများ ထိခိုက်ဒဏ်ရာ ရခဲ့တာကို သိရှိရကြောင်း၊ ပြည်သူလူထုကို အကာအကွယ်ပေးရမယ့်အစား ရန်သူသဖွယ် သဘောထားပြီး လူမဆန်စွာ လေကြောင်းဗုံးကြဲတိုက်ခိုက်ခြင်းဟာ အလွန်စက်ဆုပ်စရာကောင်းပြီး သူရဲဘောကြောင်တဲ့ လုပ်ရပ်ဖြစ်ကြောင်း ပြောပါတယ်။

စစ်ကောင်စီက ပြည်သူလူထုအပေါ် ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်ကြောင်းနဲ့ သေဆုံးခဲ့ရတဲ့ မိသားစုဝင်တွေ ဆွေမျိုးတွေနဲ့ထပ်တူ ဝမ်းနည်းကြေကွဲကြောင်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။