ကလေးမြို့က ဒေသခံတစ်ဦး စစ်တပ်ရဲ့ပစ်ခတ်မှုကြောင့် သေဆုံး
2021.09.23

စစ်ကိုင်းတိုင်း၊ ကလေးမြို့ မြို့ကြီးကုန်းရွာသား ကိုဘထော်ကို စက်တင်ဘာလ ၂၁ ရက်နေ့က စစ်ကောင်စီ တပ်သားတွေ ပစ်ခတ်ခဲ့တာကြောင့် သေဆုံးသွားခဲ့တယ်လို့ ကလေးမြို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်သားတွေ ရွာထဲဝင်လာချိန် ကြောက်လန့်ပြီး ထွက်ပြေးတာကြောင့် အပစ်ခံခဲ့ရတာဖြစ်ပြီး အလောင်းကိုတော့ စက်တင်ဘာလ ၂၂ ရက် မနေ့ကမှ မြို့ကြီးကုန်းသုဿာန်မှာ မြေမြှုပ်သင်္ဂြိုဟ် လိုက်ရတယ်လို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“စစ်သားတွေကရှိနေတော့ အလောင်းက မကောက်ရဲဘူး နောက်နေ့မှ ချရတယ်” လို့ ဒေသခံက ဆိုပါတယ်။
ကလေးမြို့မှာ စစ်တပ်က အာဏာသိမ်းလိုက်တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့နောက်ပိုင်း ပစ်ခတ်ခံရမှုကြောင့် သေဆုံးသူ ၅၀ နီးပါးရှိပြီး အဖမ်းခံရသူ ၁၂၀ နီးပါးရှိနေပြီလို့ ကလေးမြို့ ဆန္ဒပြသပိတ်ဦးဆောင်သူတွေက ပြောပါတယ်။