ကိုင်းတန်းဈေး ဖျက်သိမ်းမှု ကန့်ကွက်သူတွေကို ထောင်ချ


2013.06.12

မန္တလေးမြို့၊ ကိုင်းတန်းညဈေး ဖျက်သိမ်းမှု ဆန့်ကျင်ကန့်ကွက်ခဲ့တဲ့ ဈေးသည်တွေနဲ့ သူတို့ကိုကူညီသူ စုစုပေါင်း ၇ ယောက်ကို ချမ်းအေးသာဇံမြို့နယ်တရားရုံးက မနေ့က ထောင်ဒဏ်တွေ အသီးသီးချမှတ်လိုက်ပါတယ်။

ကိုအေးသိန်း၊ ကိုဝင်းဆွေမြင့်၊ ကိုစိန်အောင်တို့ကို ပုဒ်မ (၅၀၅-ခ) ဆူပူအောင်လှုှုံ့ဆာ်မှုနဲ့ ထောင်ဒဏ် ၁ နှစ်၊၊ ပုဒ်မ (၁၈) ခွင့်ပြုချက်မရှိပဲ စီတန်းလှည့်လည်မှုနဲ့ထောင်ဒဏ် ၃ လ၊ စုစုပေါင်း ၁ နှစ်နဲ့ ၃ လစီ ချမှတ်လိုက်တယ်လို့သိရပါတယ်။

ကိုညီညီကျော်၊ မသဲသဲနဲ့အမျိုးသမီး ၂ ဦးတို့ကိုတော့ ပုဒ်မ (၁၈) ခွင့်ပြုချက်မရှိပဲ စီတန်းလှည့်လည်မှုနဲ့ထောင်ဒဏ် ၃ လစီ စီရင်လိုက်တဲ့အကြောင်း မန္တလေးမြို့က ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုရဲရင့်ကျော်က ပြောပါတယ်။

သူတို့ရင်ဆိုင်လိုက်ရတဲ့ အမှုနဲ့ပတ်သက်လို့ ကိုရဲရင့်ကျော်က"ဒီနေ့စတာက အားလုံး ၇ ယောက်ပေါ့နော်၊ ၂ဝ၁၂က ကိုင်းတန်းဈေးကို ၄၁ လမ်း မြစ်ဆိပ်ဘက်ကို ပြောင်းရွှေ့ဖို့အတွက်  မပြောင်းရွှေ့ရေးမှာ ကန့်ကွက်ကြောင်း ဆန္ဒပြကြတာပါ၊ ကိုအေးသိန်းတို့ ကိုညီညီကျော်တို့က ကူညီကြတာ၊ ကိုဝင်းဖေမြင့်တို့ ကိုစိန်အောင်တို့နဲ့ မသဲသဲတို့ကတော့ ဈေးသူ/ဈေးသားတွေပေါ့"

ကိုအေးသိန်းတို့ ၇ ဦးကို ဆန္ဒပြမှုနဲ့မနှစ်ကဖမ်းဆီးခဲ့ပြီး အကျဉ်းထောင်မှာ ၆ လနီးပါး ချုပ်နှောင်ထားခဲ့ပါတယ်။

နောက်တော့ သူတို့ကို အာမခံနဲ့လွှတ်ပေးခဲ့ပြီး အမှုအတွက် တရားရုံးကို အကြိမ်ကြိမ်ထွက်နေခဲ့ရပြီး အခုတော့ မနေ့က ဆုံးဖြတ်ချက်ချလိုက်တာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။