ကချင်ပြည်နယ်က စစ်ပွဲတွေ ရပ်စဲဖို့ မင်းကိုနိုင် တိုက်တွန်း
2012.12.29

Photo courtesy of 88 Generation Students
ပြီးခဲ့တဲ့ရက်တွေမှာ အထက်မြန်မာနိုင်ငံ မြို့ရွာတွေကို စာပေဟောပြောပွဲတွေသွားခဲ့တဲ့အခါမှာ ကချင်ပြည်နယ်က စစ်ပွဲနဲ့ ပြည်တွင်းငြိမ်းချမ်းရေး ကိစ္စကို ဒေသခံတွေ မေးမြန်းကြတဲ့အကြောင်းနဲ့ သူ့သဘောထား ပြန်လည်ပြောဆိုခဲ့တဲ့အကြောင်း ကိုမင်းကိုနိုင်က RFA ကို ပြောပါတယ်။
KIO ဌာနချုပ်ရှိတဲ့ ကချင်ပြည်နယ်၊ လိုင်ဇာမြို့အနားမှာ အစိုးရတပ်တွေ ထိုးစစ်ဆင်နေတဲ့အတွက် ဒေသခံပြည်သူတွေအမြောက်အများ ထွက်ပြေးနေကြရတယ်ဆိုတဲ့ သတင်းတွေ ပေါ်ထွက်နေတာကို ရည်ညွှန်းပြောသွားပါတယ်။
၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်လဲဖြစ် စာရေးဆရာတစ်ယောက်လဲဖြစ်တဲ့ ကိုမင်းကိုနိုင်ဟာ အခြားစာရေးဆရာတွေနဲ့အတူ ဒီရက်ပိုင်းတွေမှာ နယ်တွေလှည့်ပြီး စာပေဟောပြောတာတွေရှိခဲ့ပါတယ်။ ဒါကြောင့် သူ့ရဲ့ ဟောပြောပွဲအတွေ့အကြုံကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် က ဆက်သွယ်မေးမြန်းထားပါတယ်။
![]() |
အသံဖိုင်နားထောင်ရန် |
![]() |
အသံဖိုင်ယူရန်။ |