ကချင် ဒုက္ခသည်တွေ ကျန်းမာရေး စိုးရိမ်စရာဖြစ်နေ
2012.01.31

Photo courtesy of WPN
တရုတ် မြန်မာနယ်စပ်မှာ ထွက်ပြေး တိမ်းရှောင်နေတဲ့ ဒုက္ခသည် ငါးသောင်းခန့်ရှိပြီး နယ်စပ်တလျှောက် စခန်းပေါင်း သုံးဆယ်ကျော် ရှိနေပါတယ်။ ပတ်ဝန်းကျင် ညစ်ညမ်းတဲ့အပြင် လက်ရှိ ရာသီဥတု အေးလွန်းတာကြောင့် အဖျားအနာ များလာနေတယ်လို့ ကချင် ကယ်ဆယ်ရေးအဖွဲ့ WPN အဖွဲ့ဝင် ဒေါ်မေရီအောင်က ပြောပါတယ်။ လောလောဆယ် ကလေးသူငယ်နဲ့ သက်ကြီး ရွယ်အိုတွေ အအေးမိ ဖျားနာကြသလို လေဖြတ်ပြီး သေဆုံးကြတာ ရှိတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဝမ်းကိုက် ဝမ်းလျှောရောဂါတွေ အဖြစ်များတယ်လို့ သိရပါတယ်။ သန့်ရှင်းတဲ့ သောက်သုံးရေ မရှိတဲ့အပြင် အိမ်သာလည်း အလုံအလောက် မရှိဘူးလို့ ဒေသခံ အန်ဂျီအို တစ်ခုဖြစ်တဲ့ WPN အဖွဲ့ ဝန်ထမ်းတစ်ဦးက ကုလသမဂ္ဂ အေဂျင်စီကို ပြောပါတယ်။
ဒုက္ခသည် စခန်းတစ်ခုမှာဆိုရင် စစ်ပြေးဒုက္ခသည် တစ်ထောင့်နှစ်ရာလောက်မှာ အိမ်သာ ငါးလုံးသာ ရှိပြီး သောက်ရေကလည်း နီးစပ်ရာ ချောင်းတွေနဲ့ တွင်းရေကိုသာ အသုံးပြုရတယ်လို့ ဆိုပါတယ်။
WPN အဖွဲ့က ဒေါ်မေရီအောင်ကို ဦးတင်အောင်ခိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။
![]() |
ဆက်သွယ်မေးမြန်းချက်။ |
![]() |
အသံဖိုင်ယူရန်။ |