ဖားကန့်မှာ မြေစာစွန့်ပစ် ယာဉ်တွေကို ရွာသားတွေ ပိတ်ဆို့ ဆန္ဒပြ

ကချင်ပြည်နယ် ဖားကန့်ဒေသ မှာ ကျောက်မျက် တူးဖော်နေတဲ့ ကုမ္ပဏီတွေရဲ့ မြေစာစွန့်ပစ်တဲ့ ယာဉ်တွေကို ကျေးရွာ လမ်းတွေထဲ ဖြတ်သန်းသွားလာ ခွင့်မပြုဘဲ ကျေး ရွာ၂၀ လောက်က ဒေသခံတွေက မနေ့က စပြီး ကျေးရွာ လမ်းမတိုင်းမှာ ပိတ်ဆို့ဆန္ဒပြနေကြပါတယ်။

ဖားကန့်ကျောက်စိမ်းတွင်းဒေသမှာ မြေစာသယ်ကားတွေအသုံးပြုပြီး ကျောက်စိမ်းတူးဖော်လုပ်ကိုင်နေမှုကို ၂၀၁၄ ခုနှစ် နိုဝင်ဘာလ အတွင်းကတွေ့ရစဉ် Photo: Kyaw Myo Min/ RFA

ကချင်ပြည်နယ် ဖားကန့်ဒေသမှာ ကျောက်မျက်တူးဖော်နေတဲ့ ကုမ္ပဏီတွေရဲ့ မြေစာ စွန့်ပစ်တဲ့ယာဉ်တွေ ကို ကျေးရွာလမ်းတွေထဲ ဖြတ်သန်းသွားလာ ခွင့်မပြုဘဲ ကျေးရွာ၂၀ လောက်က ဒေသခံတွေက မနေ့ကစပြီး ကျေး ရွာလမ်းမတိုင်းမှာ ပိတ်ဆို့ဆန္ဒပြနေကြပါတယ်။

စည်းကမ်းမဲ့ မြေစာစွန့်ပစ်တာတွေ မလုပ်ဖို့ နဲ့ နေ့စဉ်မိုင်းခွဲနေတာတွေ ရပ်တန့်ပေးဖို့ ဆန္ဒပြတောင်းဆိုတာဖြစ် တယ်လို့ ကချင်အမျိုးသားလူမှုဖွံ့ဖြိုးရေးအဖွဲ့ ဥက္ကဌ ဦးလမုန်လတောင်က ပြောပါတယ်။

"စွန့်ပစ်သွားတဲ့မြေစာတွေကို ရှင်းပေးမယ်ဆိုပြီး အဖြစ်လောက်ပဲလုပ်ပြီးတော့ ဒီတိုင်းပြန်ထားခဲ့တာတွေ ရှိတယ်၊ မိုင်းမခွဲတော့ပါဘူးဆိုပြီး ပြောပြီး ဒီတိုင်းပဲလေ၊ နောက်တစ်ခုက တချို့ကုမ္ပဏီတွေကျတော့ ဆက်ပြီးတူးတဲ့အခါကျတော့ ရွာဘက်နားရောက်လာတော့ အိမ်တွေဘာတွေ၊ ပြိုကျလုနီးပါးဖြစ်တဲ့ အခါကျတော့ ဘယ်လောက်ပဲတောင်းဆိုဆို ကုမ္ပဏီတွေ ဂရုမစိုက်ပေးဘူးလေ၊ အဲ့ဒါကြောင့် အခု ဆန္ဒပြတောင်းဆိုတာပေါ့ဗျာ"

ဆန္ဒပြသူတွေထဲမှာ ဒေသခံတွေအပြင် ကျောက်တူးဖော်ရေးကုမ္ပဏီတွေမှာ အလုပ်လုပ်နေတဲ့ အလုပ်သမားတွေ လည်း ပါဝင်ပါတယ်။ ဆန္ဒပြသူတွေဟာ ကုမ္ပဏီတာဝန်ရှိသူတွေ၊ ဖားကန့်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးတို့နဲ့ ဒီနေ့ တွေ့ဆုံဆွေးနွေးပေမယ့်လည်း ပြေလည်မှုမရခဲ့ဘူးလို့ ဦးလမုန်လတောင် က ပြောပါတယ်။

ကုမ္ပဏီတွေက စွန့်ပစ်ထားတဲ့ မြေစာပုံတွေ မကြာခဏပြိုကျပြီး လူသေဆုံးမှုတွေ ရှိနေတာကို ဖြေရှင်းပေးဖို့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်းမှာလည်း ဒေသခံတွေ က အခုလိုလမ်းပိတ်ဆို့တောင်းဆိုခဲ့ကြပါတယ်။

ဦးလမုန်လတောင်ကို RFA သတင်းထောက် မဇာဏီထွဏ်း ဆက်သွယ်မေးမြန်း ထားတာ နားဆင်နိုင်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org