ကချင်ခရစ်ယာန်ဓမ္မဆရာတစ်ဦး လုပ်ကြံသတ်ဖြတ်ခံရ

RFA Burmese
2024.03.18
ကချင်ခရစ်ယာန်ဓမ္မဆရာတစ်ဦး လုပ်ကြံသတ်ဖြတ်ခံရ ကချင်နှစ်ခြင်းအသင်းတော် ဓမ္မဆရာ ဦးနမ်မြဲခွန်ဂျော်လီ။
Photo: Obtain by RFA

Updated 9:52 AM Mar 19, 2024

ကချင်ပြည်နယ် နမ္မတီးမြို့က ဓမ္မဆရာ ဦးနမ်မြဲခွန်ဂျော်လီဟာ အမည်မသိလက်နက်ကိုင်လူတချို့ရဲ့ လုပ်ကြံသတ်ဖြတ်တာ ခံလိုက်ရတယ်လို့ မိသားစုနဲ့ နီးစပ်သူက RFA ကိုပြောပါတယ်။

မတ်လ ၁၈ ရက် ဒီကနေ့ နေ့လယ်ပိုင်းက ဦးခွန်ဂျော်လီ သူ့အိမ်မှာဖွင့်ထားတဲ့ ကွန်ပျူတာဆိုင်မှာ အလုပ်လုပ်နေတုန်း အမည်မသိ လူသုံးယောက်ရောက်လာပြီး ဝမ်းဗိုက်နဲ့ ဦးခေါင်းကို သေနတ်နဲ့ ပစ်သတ်သွားတာလို့ ဆိုပါတယ်။

"လူသုံးယောက်က ဗီနိုင်းထုတ်ချင်တယ်လို့ ရောက်လာပြီး သေနတ်နဲ့ ပစ်သတ်သွားတာ ဗိုက်ကို နှစ်ချက်ပစ်တာ မသေသေးလို့ ခေါင်းကိုထပ်ပစ်တယ်။ နေရာမှာတင် ပွဲချင်းပြီးဆုံးသွားတယ်" လို့ မိသားစုနဲ့နီးစပ်သူတွေက ပြောပါတယ်။

ဦးခွန်ဂျော်လီဟာ စစ်အာဏာရှင်ဆန့်ကျင်ရေးလုပ်ရှားမှုမှာ တက်တက်ကြွကြွပါဝင်နေသူဖြစ်သလို၊ ရပ်ရေးရွာရေးကိစ္စတွေမှာလည်း ခေါင်းဆောင်တစ်ဦးဖြစ်ပါတယ်။

ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော် (KBC) ရဲ့ မြို့နယ်အမှုတော်ဆောင်ဟောင်းတစ်ဦးလည်းဖြစ်ပြီး ကချင်ပြည်နယ်တွင်း လူထုအခြေပြု မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့ (Pat Jasan) အဖွဲ့ဝင်တစ်ဦးလည်း ဖြစ်ပါတယ်။

ဦးခွန်ဂျော်လီကို လုပ်ကြံသတ်ဖြတ်သွားတဲ့ လက်နက်ကိုင်လူတစ်စုကို သိရဖို့ ရပ်ကွက်နေပြည်သူတွေက စုံစမ်းနေဆဲ ဖြစ်ပါတယ်။ အသက် ၄၇ နှစ်အရွယ် အသင်းတော်ဓမ္မဆရာ ဦးခွန်ဂျော်လီမှာ ဇနီးနဲ့ ကလေးသုံးယောက် ကျန်ရစ်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။