ကချင် ဒုက္ခသည်များအတွက် တရုတ်က ဆေးဝါးပစ္စည်း ထောက်ပံ့

တရုတ်နိုင်ငံ အနောက်တောင် နယ်စပ် တစ်လျှောက် ကချင်လွတ်မြောက်ရေး အဖွဲ့ (KIO) ဒေသရှိ ကချင် စစ်ပြေးဒုက္ခသည်တွေ အတွက် ပထမဆုံး အကြိမ် အဖြစ် တရုတ် အစိုးရက ယွမ်ငွေ တစ်သိန်းခန့် တန်ဖိုးရှိ ဆေးဝါးများကို ဇူလိုင် ၂၁ ရက်နေ့က ထောက်ပံ့ ပေးပို့ လိုက်တယ်လို့ ဒုက္ခသည် ကယ်ဆယ်ရေး အဖွဲ့က ပြောပါတယ်။

မူဆယ်မြို့အနီး တရုတ်-မြန်မာ နှစ်နိုင်ငံနယ်စပ်တွင် စိုက်ထူထားသည့် သတိပေးဆိုင်းဘုတ်။ (Photo: AFP) AFP

KIO ထိန်းချုပ်ရာ ဒေသများမှာ ကချင် နဲ့ တခြား တိုင်းရင်းသား ဒုက္ခသည်ပေါင်း ၁၆၀၀၀ ကျော် အတွက် တရုတ်နိုင်ငံ ယူနန်ပြည်နယ် ယင်ဂျန်းခရိုင် အာဏာပိုင်တွေက အခုလို ကူညီလိုက်တာ ဖြစ်ပါတယ်။

တလောကလည်း အဲဒီ ယင်ဂျန်း ခရိုင်ရှိ ဂျင်းဖော ကချင် လူမှု အဖွဲ့အစည်းက လိုင်ဇာရှိ ဒုက္ခသည်များ အတွက် ဆန်အိတ် ၁၀၀ နှင့် သွပ်ပြားများ ကူညီပေးခဲ့တယ်လို့ သိရပါတယ်။

ဇွန်လဆန်းက စတင်ခဲ့တဲ့ မြန်မာစစ်တပ်နှင့် KIO ကြား တိုက်ပွဲတွေ အရှိန် တိုးမြှင့်လာတဲ့ အတွက် KIO ထိန်းချုပ်ရာ ဒေသများသို့ နောက်ထပ် ဒုက္ခသည် အများအပြား ထပ်မံ ရောက်ရှိလာနေဆဲ ဖြစ်တယ်လို့လည်း သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org