အမျိုးသားရင်ကြားစေ့ရေးအတွက် တွေ့ဆုံစကား ပြောဖို့ လိုအပ်ကြောင်း သီတဂူဆရာတော် မိန့်
အင်းစိန်အကျဉ်းထောင်က အကျဉ်းသား ၁၀ဝ ကျော် ဒီကနေ့ လွတ်မြောက်ပေမယ့် နိုင်ငံရေး အကျဉ်းသား တဦးမှ မပါဘူးလို့ အင်းစိန်ထောင်မှာ စောင့်ကြည့်နေသူ နိုင်ငံရေး အကျဉ်းသား မိသားစုဝင်တွေက ပြောပါတယ်။
-
2010-08-24 -
-
-
Your browser doesn’t support HTML5 audio
ပြီးခဲ့တဲ့ စနေနေ့ သြဂုတ်လ ၂၁ ရက်နေ့က အင်းစိန်ထောင်မှာ အကျဉ်းသားတွေကို နေ့လည်စာနဲ့ ညစာ ကျွေးမွေးပြီး တရား ချီးမြှင့်ခဲ့တဲ့ သီတဂူဆရာတော် ဦးဉာဏိဿရ ကို အင်းစိန်ထောင် ညွန်ကြားရေးမှူးက အကျဉ်းသားတွေကို လွတ်ပေးမှာဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။
ဒီကနေ့ အကျဉ်းသားတွေ လွတ်မြောက်လာတာနဲ့ ပတ်သက်ပြီး ကိုယ်တိုင် တွေ့မြင်ခဲ့သူ နိုင်ငံရေးအကျဉ်းသားဟောင်း ကိုသန့်စင်ဦးက ခုလို ပြောပြပါတယ်။
“လွတ်လာတဲ့ အကျဉ်းသားတယောက်ကို ဘယ်နှစ်ယောက်လွတ်လာလဲ မေးကြည့်တဲ့အခါကျတော့ အယောက် ၃ ရာ လွတ်တာတဲ့။ ဘယ်လို လွှတ်တာလဲဆိုတော့ ရက်စေ့တဲ့ ၁၆ ယောက်တဲ့။ ကျန်တဲ့ဟာကတော့ တရာကျော်က မေတ္တာရပ်ခံလို့ လွှတ်ပေးတာတဲ့”
ဒီကနေ့ လွတ်မြောက်လာသူ ၁၂ဝ ရှိတယ်လို့ အင်းစိန်ထောင်ရှေ့မှာ စောင့်နေတဲ့ နိုင်ငံရေးအကျဉ်းသား မိသားစုဝင် တဦးကလည်း ပြောပါတယ်။
“ဒီနေ့လွှတ်လိုက်တာ အားလုံး ၁၂ဝ လောက်ရှိမယ်။ အဲဒီထဲမှာ မိန်းကလေးက ၅ဝ ကျော်၊ ယောကျ်ားလေးက ၆၀ ကျော်၊ ပေါင်းလိုက်တော့ ၁၂ဝ ပေါ့။ ဒါပေမယ့် နိုင်ငံရေးအကျဉ်းသားဆိုတာ တယောက်မှ ကျနော်တို့နဲ့ ဆက်သွယ်လို့ မရသေးဘူး၊ မပါလာဘူးလို့ ပြောနိုင်တာပေါ့။ ကားနဲ့လာစောင့်တာက ရှင်းရှင်းပြောရင်တော့ မာဆတ်က အုပ်စုတစု။ မာဆတ် ဆိုတာ အနှိပ်ခန်းပေါ့ဗျာ”
လွတ်လာသူအားလုံးဟာ ရာဇဝတ်မှုတွေနဲ့ အကျဉ်းချ ခံရသူတွေဖြစ်ပြီး အုပ်စုလိုက် လွတ်လာသူတွေထဲမှာ အနှိပ်ခန်းတွေက ဖမ်းထားသူ အမျိုးသမီးတွေ အများအပြား ပါတယ်လို့ သိရပါတယ်။ သူတို့ ခုလို လွတ်လာမှာကို ကြိုတင် သိနေတာကြောင့် အင်းစိန်ထောင်ရှေ့မှာ ကားနဲ့ လာစောင့်နေသူတွေလညာ်း မြင်ရတယ်လို့ ဆိုပါတယ်။ ပြန်လွတ်လာသူတွေထဲမှာ နိုင်ငံရေး အကျဉ်းသားတွေ ပါမလာတာနဲ့ ပတ်သက်ပြီး သီတဂူဆရာတော်ကို လျှောက်ထား မေးမြန်းကြည့်တဲ့အခါမှာ ဆရာတော်ကတော့ နိုင်ငံရေး အကျဉ်းသားတွေကိုမှ ရွေးလွတ်ပေးဖို့ သီးသန့် မေတ္တာရပ်ခံခဲ့ခြင်း မရှိဘူးလို့ မိန့်ပါတယ်။
“ဒုက္ခရောက်ကြသူ လူအပေါင်းကို ဘယ်အကြောင်းကြောင့်ပဲ ဒုက္ခရောက်ရောက် ကရုဏာ နှလုံးသားရှိတဲ့ လူတွေကနေ အကုန်လုံး ချမ်းသာအောင် ဆောင်ရွက်ပေးပါ၊ လွတ်မြောက်အောင် ဆောင်ရွက်ပေးပါလို့ ငါကတော့ အဲဒါ ပြောချင်တာပါ”
အင်းစိန်ထောင်က လူတွေ အုပ်စုလိုက် လွှတ်ပေးနေတာကို ဒီကနေ့ မွန်းလွဲပိုင်း ၂ နာရီလောက်က စတင်တာဖြစ်ပြီး မနက်ဖြန်မှာလည်း ဆက်ပြီး လွှတ်ပေးဖို့ ရှိတယ်လို့ ထောင်အာဏာပိုင်တွေနဲ့ နီးစပ်သူတွေက ပြောပါတယ်။
ဒီသတင်းနဲ့ ဆက်စပ်ပြီး လက်ရှိနိုင်ငံရေး မြန်မာ့နိုင်ငံရေး အခြေအနေနဲ့ ပတ်သက်လို့ သီတဂူဆရာတော်ကြီးကို ဦးတင်အောင်ခိုင်က လျှောက်ထားမေးမြန်း ထားပါတယ်။
လ္တေွာက်ထားမေးူမန်းခဵက်။ |
|
အသံဖိုင်ယူရန်။ |