ခွင့်မဲ့နဲ့ စစ်ပြေးတွေ စစ်မှုပြန်ထမ်းဖို့ဆန္ဒရှိရင် ပြန်လက်ခံမယ်လို့ စစ်ကောင်စီကြေညာ

စစ်ကောင်စီတပ်ကနေ ခွင့်မဲ့ပျက်ကွက်သူ ဒါမှမဟုတ် ထွက်ပြေးသွားတဲ့ စစ်ပြေးတွေအနေနဲ့ စစ်မှုပြန်ထမ်းဖို့ ဆန္ဒပြုလာရင် လက်ခံသွားမယ်လို့ စစ်ကောင်စီက ဒီဇင်ဘာ ၃ ရက်နေ့မှာ ကြေညာပါတယ်။

နေပြည်တော်တွင် ၂၀၁၉ ခုနှစ် ဧပြီလ ၅ ရက်နေ့က ကျင်းပခဲ့သည့် စစ်ရေးပြအခမ်းအနားတစ်ခုကို တွေ့ရစဉ်။ Myanmar Military

စစ်ကောင်စီတပ်ကနေ ခွင့်မဲ့ပျက်ကွက်သူ ဒါမှမဟုတ် ထွက်ပြေးသွားတဲ့ စစ်ပြေးတွေအနေနဲ့ စစ်မှုပြန်ထမ်းဖို့ ဆန္ဒပြုလာရင် လက်ခံသွားမယ်လို့ စစ်ကောင်စီက ဒီဇင်ဘာ ၃ ရက်နေ့မှာ ကြေညာပါတယ်။

ခွင့်မဲ့နဲ့ စစ်ပြေးတွေအနေနဲ့ တာဝန်ပြန်ထမ်းဆောင်ဖို့ တောင်းဆိုမှုရှိခဲ့တာကြောင့် အခုလို ထုတ်ပြန်တာဖြစ်ပြီး နီးစပ်ရာတပ်တွေမှာ ပြန်လက်ခံမယ်လို့လည်း စစ်ကောင်စီက ပြောထားပါတယ်။

အဲဒီကြေညာချက်ထဲမှာ သာမန်ပြစ်မှု ကျူးလွန်ခဲ့သူတွေကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပေးမယ်လို့ ဆိုထားပေမယ့် တိတိကျကျ ဖော်ပြထားတာတော့ မရှိပါဘူး။

CDM လေတပ်ဗိုလ်ကြီး ဇေသူအောင်ကတော့ စစ်ကောင်စီတပ်ဟာ အင်အားလိုအပ်နေတဲ့အတွက် အခုလို လုပ်ဆောင်လာတာလို့ သုံးသပ်ပါတယ်။

"လက်ရှိ လောလောဆယ်ကတော့ အင်အား လိုနေတာဖြစ်တဲ့အတွက် တစ်နိုင်ငံလုံးနဲ့တိုက်နေတာ ဖြစ်တဲ့အတွက် ရနိုင်တဲ့နေရာကနေ ပြန်ပြီးစုနိုင်ဖို့ ဗျူဟာဆွဲတဲ့ သဘောပါပဲ။ ခွင့်မဲ့၊ စစ်ပြေးတွေကျတော့ သင်တန်းတစ်ခါ လုပ်စရာမလိုတော့ဘူးလေ"

၁၉၅၉ ခုနှစ် တပ်မတော်အက်ဥပဒေမှာတော့ ခွင့်မဲ့ပျက်ကွက်သူတွေကို ပုဒ်မ ၃၈ အရ ထောင်သုံးနှစ်အထိ ချမှတ်နိုင်တယ်လို့ ဖော်ပြထားပါတယ်။

စစ်ပြေးမှု ကျူးလွန်သူတွေကိုတော့ ပုဒ်မ ၃၇ (၁) အရ ထောင်ခုနစ်နှစ်အထိ ချမှတ်နိုင်တယ်လို့ ပြဋ္ဌာန်းထားတာ တွေ့ရပါတယ်။

စစ်ကောင်စီတပ်ဟာ မြန်မာနိုင်ငံတစ်ဝန်းမှာ တော်လှန်ရေးအင်အားစုတွေနဲ့ တိုက်ပွဲတွေဖြစ်နေပြီး တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေဟာ မြို့တချို့ကို သိမ်းယူထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org