၈ လေးလုံးအရေးတော်ပုံကြီးမတိုင်ခင်၁၉၈၈ခုနှစ်ဇွန်လ၂၁ရက်နေ့ကရန်ကုန်မြို့မှာလုံထိန်းတပ်ဖွဲ့တွေ ရဲ့ရိုက်နှက်မှုကြောင့်သေဆုံးသွားကြတဲ့အခြေခံပညာအထက်တန်းေကျာင်းသားတွေနဲ့ရဟန်းရှင်လူ ပြည် သူတွေကိုဂုဏ်ပြုအလေးပြုတဲ့အထိမ်းအမှတ်တစ်ခုကိုဒီနေ့ရန်ကုန်မြို့မြေနီကုန်းမီးပွိုင့်လမ်းဆုံမှာကျင်းပခဲ့ပါတယ်။
လွန်ခဲ့တဲ့၂၆နှစ်ဇွန်လ၂၁ရက်နေ့ကရန်ကုန်မြို့စမ်းချောင်းမြေနီကုန်းလမ်းဆုံမှာအစိုးရကိုသပိတ်မှောက်ခဲ့ကြတဲ့အခြေခံပညာကျောင်းသားတွေရဲ့စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမူဟာ၈လေးလုံး အရေးတော်ပုံကြီးြဖစ်လာဖို့အတွက်တွန်းအားဖြစ်ခဲ့တယ်လို့ဒီနေ့အောက်မေ့ဘွယ်အခမ်းအနားကိုတက်ရောက်ခဲ့တဲ့အဲဒီအချိန်ကအခြေခံပညာကျောင်းသားများသမဂ္ဂ (အကသ ) အဖွဲ့ကကိုဘိုဘိုကပြောပါတယ်။
ရန်ကုန်မြို့စမ်းချောင်းမြို့နယ်ရဲစခန်းမှာဖမ်းဆီးခံထားရတဲ့ကျောင်းသားတစ်ဦိးလွတ်မြောက်ရေးအတွက်အခြေခံပညာအထက်တန်းေကျာင်းသားတွေချီတက်လာစဉ်မြေနီကုန်းမီးပွိုင့်လမ်းဆုံမှာလုံထိန်းတပ်ဖွဲ့တွေရဲ့ဖြိုခွင်းတာကိုခံခဲ့ရပါတယ်။
ဒီနေ့ရန်ကုန်မြို့ မြေနီကုန်းမီးပွိုင့်လမ်းဆုံမှာလွန်ခဲ့တဲ့၂၆နှစ်ကကျဆုံးသွားခဲ့ရတဲ့ကျောင်းသားလူငယ်ရဟန်းရှင်လူတွေအတွက်အမှတ်တရပန်းစည်းတွေချခဲ့ပြီးဂုဏ်ပြုအလေးပြုခဲ့ကြပါတယ်။