ဂျာနယ်များကို ခေါ်ယူစစ်ဆေးမှု စာနယ်ဇင်းကောင်စီ ကန့်ကွက်

ပြည်ထဲရေးဝန်ကြီးဋ္ဌာန၊ ရဲသတင်းအထူး တပ်ဖွဲ့က ပြည်တွင်းပုဂ္ဂလိက သတင်း မီဒီယာတွေကို ခေါ်ယူစစ်ဆေး မေးမြန်းနေတာတွေ အပေါ် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ)က ကန့်ကွက်ကြောင်း ကြေညာချက်ကို ဒီနေ့ ထုတ်ပြန် လိုက်ပါတယ်။

ရန်ကုန်မြို့လယ်က စာနယ်ဇင်းအရောင်းဆိုင် တဆိုင်မှာ အပတ်စဉ်ထုတ် ဂျာနယ်များ ခင်ကျင်းထားသည့် မြင်ကွင်း။

ပြည်ထဲရေးဝန်ကြီးဋ္ဌာန၊ ရဲသတင်းအထူးတပ်ဖွဲ့ က ပြည်တွင်းပုဂ္ဂလိက သတင်းမီဒီယာတွေကို ခေါ်ယူ စစ်ဆေး မေးမြန်းနေတာတွေအပေါ် မြန်မာနိုင်ငံ စာနယ် ဇင်းကောင်စီ(ယာယီ)က ကန့်ကွက်ကြောင်း ကြေညာ ချက်ကို ဒီနေ့ ထုတ်ပြန်လိုက်ပါတယ်။

အဲဒီ ကြေညာချက်နဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ) အဖွဲ့ဝင် တစ်ဉ်ီးဖြစ်သူ စာရေးဆရာ ကိုဇော်သက်ထွေးက အခုလိုပြောပါတယ်။

"အမိန့်ကြေညာချက် လုပ်ထုံးလုပ်နည်း တစုံတရာမပါပဲ သတင်းတပ်ဖွဲ့ရဲ့ မေးမြန်းခြင်းဟာ မသင့်တော်တဲ့ လုပ်ရပ်လို့ ယူဆတယ်"

ဒီကြေညာချက်ထဲမှာ ရဲသတင်းတပ်ဖွဲ့ စစ်ဆေးမေးမြန်း ခဲ့တာတွေကို အများပြည်သူ သိရှိနိုင်အောင် ထုတ်ပြန်ကြေညာဖို့ တောင်းဆိုထားသလို၊ သတင်းမီဒီယာတွေကို စစ်ဆေးတာတွေ လုပ်ဆောင်မယ်ဆိုရင် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ)ကို တရားဝင်နည်းလမ်းနဲ့ အကြောင်းကြားသင့်တယ်လို့လည်းပဲ ပါရှိပါတယ်။

ရဲသတင်းအထူးတပ်ဖွဲ့ဟာ ပြီးခဲ့တဲ့ရက်ပိုင်းက ပြည်တွင်းသတင်းမီဒီယာတချို့ရဲ့ အရှုံး၊ အမြတ်နဲ့ ထုတ်ဝေတဲ့စောင်ရေ၊ ဝန်ထမ်းအင်အား စတာတွေကို ခေါ်ယူမေးမြန်းခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ) က ရေးဆွဲထားတဲ့ သတင်းမီဒီယာ နည်းဥပဒေနဲ့ ပတ်သက် ပြီး ပြည်တွင်းသတင်းမီဒီယာသမားတွေနဲ့ စာနယ်ဇင်းကောင်စီက တာဝန်ရှိသူတွေဟာ ဒီကနေ့ ရန်ကုန်မြို့ ဗဟန်းမြို့နယ် ယုဇနတာဝါမှာရှိတဲ့ စာနယ်ဇင်းကောင်စီရုံးခန်းမှာ ဆွေးနွေးခဲ့ပါတယ်။

သတင်းမီဒီယာနည်းဥပဒေ ပြဋ္ဌာန်းနိုင်ဖို့ ပြည်တွင်းသတင်းမီဒီယာတွေရဲ့ အကြံပြုချက်တွေကို စုပေါင်းပြီး လာမယ့် ဇွန်လ၂၇ ရက်မှာ ပြည်သူ့လွှတ်တော်ကို တင်သွင်းသွားမယ်လို့ စာနယ်ဇင်းကောင်စီ ကပြောပါတယ်။

မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ) အဖွဲ့ဝင် ကိုဇော်သက်ထွေးကို RFA သတင်းထောက် ကိုမျိုးဇော်ကို တွေ့ဆုံမေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org