အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံ
2011.05.19

အဲဒီလိုတွေ့ဆုံရာမှာ လက်ရှိအစိုးရရဲ့ အနေအထား အပြင်၊ နိုင်ငံရေး အကျဉ်းသားတွေအရေးလည်း ဆွေးနွေးခဲ့တယ်လို့ ဒီကနေ့ ညနေ ၆ နာရီက ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ဒေါ်အောင်ဆန်း စုကြည်က ပြောဆိုသွားကြောင်း သိရပါတယ်။ သတင်းစာရှင်းပွဲမှာ ရှိနေတဲ့ ဂျာနယ် သတင်းထောက် တဦးက အခုလို ပြောပြပါတယ်။
“အန်တီပြောတာတော့ ဆွေးနွေးတဲ့ဟာက ဒီအစိုးရအပေါ် သူတို့ရဲ့ သဘောထားရယ်၊ နောက်တော့ အစိုးရသစ်ရဲ့ အနေအထား၊ နောက်ပြီးတော့ နိုင်ငံရေး အကျဉ်းသား ကိစ္စရယ်၊ အဲဒီ ပွိုင့်နှစ်ခုကို ဆွေးနွေးကြတယ်လို့ ပြောတယ်။ ဒါပေမဲ့ ဘယ်လို မြင်တယ် ဘာတယ်ကျတော့ အမေရိကန် အစိုးရက ဘယ်လို မြင်တယ်ကျတော့ သူတို့ပဲ မေးကြည့်ပါတဲ့။ ဟိုဒင်းကတော့ သူက သိပ်မပြောပါဘူး။ သူက တခွန်းနှစ်ခွန်းပြောပြီး အဲဒီ နိုင်ငံခြားရေးဝန်ကြီးက တခွန်းနှစ်ခွန်း ပြောပြီး သူထွက်သွားတယ်။ နောက်ပိုင်း အန်တီနဲ့ပဲ ပြောကြတာ၊ အမေးအဖြေ လုပ်ကြတာ။”
မစ္စတာ ဂျိုးဇက် ဝိုင် ယွန်းနဲ့ အမေရိကန် ကိုယ်စားလှယ် အဖွဲ့ ၇ ဦးဟာ တက္ကသိုလ် ရိပ်သာလမ်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်မှာ ညနေ လေးနာရီလောက်က တွေ့ဆုံခဲ့တာပါ။ ဒေါ်အောင်ဆန်းစုကြည်၊ ဦးဉာဏ်ဝင်း၊ ဦးဟံသာမြင့်တို့နဲ့ တနာရီကြာတွေ့ဆုံပြီးတဲ့နောက် NLD ဗဟို အလုပ် အမှုဆောင် အဖွဲ့ဝင်တွေ၊ CRPP အဖွဲ့ဝင်တွေနဲ့ ဆက်လက် တွေ့ဆုံခဲ့ပါတယ်။ ညနေ ၆ နာရီလောက်မှာ ဆွေးနွေးပွဲတွေ ပြီးဆုံးသွားပြီး သတင်းစာရှင်းပွဲ ကျင်းပခဲ့ရာမှာ ပြည်တွင်းက ဂျာနယ် သတင်းထောက်တွေ၊ နိုင်ငံခြား သတင်းထောက်တွေ စုစုပေါင်း ၅၀ ကျော် တက်ရောက်ကြပါတယ်။
သတင်းစာရှင်းပွဲအပြီးမှာတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗဟို အလုပ်အမှုဆောင်အဖွဲ့ဝင်တွေ ဆက်လက် စည်းဝေးခဲ့ကြတယ်လို့ သိရပါတယ်။
အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီးနဲ့ NLD ပါတီ တွေ့ဆုံခဲ့တာနဲ့ ပတ်သက်ပြီး NLD ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဝင်းတင်ကို RFA မှ ဦးတင်အောင်ခိုင်က ဆက်သွယ်မေးမြန်းခဲ့ပါတယ်။
![]() |
ဆက်သွယ်မေးမြန်းချက် |
![]() |
အသံဖိုင်ယူရန် |