တရုတ် ကွန်ဖူး ရုပ်ရှင်မင်းသား Jet Li ငလျင်ဒါဏ်ခံစားခဲ့ရသူများကို ကူညီမည်

တရုတ် ကွန်ဖူး ရုပ်ရှင်မင်းသား Jet Li ဟာ ပြီးခဲ့တဲ့လက မြန်မာနိုင်ငံ မှာ မြေငလျင်ဒါဏ်ကြောင့် ပျက်စီးခဲ့တာတွေ ပြန်လည်ပြုပြင်ဆောက်လုပ်ရေးမှာ တစ်တပ်တစ်အား ပါဝင်ကူညီသွားမယ်လို့ တရုတ် အထူးသတင်းဌာနတစ်ခုက ဖေါ်ပြလိုက်ပါတယ်။

မင်းသား လီရဲ့ One Foundation  ကုသိုလ်ဖြစ်အသင်းဟာ ငလျင်ကြောင့်  ပျက်စီးသွားတဲ့ စာသင်ကျောင်းသုံးကျောင်းပြန်လည်တည်ဆောက်ရာမှာ ကူညီသွားမယ့်အကြောင်း  မြန်မာနိုင်ငံအခြေစိုက် တရုတ်ဘာသာနဲ့ထုတ်ဝေတဲ့ MMGP Media သတင်းမှာ ဖေါ်ပြထားပါတယ်။

ဒီသတင်းကို MMGP က  ထုတ်ပြန်ခဲ့တဲ့အချိန်က One Foundation ကုသိုလ်ဖြစ်အသင်းရဲ့ Website မှာ သတင်းထုတ်ပြန်ထားတာတော့ မတွေ့ရပါဘူး။

မြေငလျင်ဒါဏ်ကြောင့် လူပေါင်း ၇၀ လောက်  ထိခိုက် ဒါဏ်ရာရရှိခဲ့ပြီး လူအမြောက်အများ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ကြရပါပြီး ဘုန်းကြီးကျောင်းတွေ၊ ဘုရားစေတီပုထိုးတွေ၊ စာသင်ကျောင်းတွေနဲ့ ဆေးရုံတစ်လုံး ပြိုကျပျက်စီးခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org