ဘီလူးချောင်း ရေအား လျှပ်စစ်စက်ရုံ ဂျပန်ကူမည်
2015.02.03

Photo: Nay Thwae/RFA
မြန်မာနိုင်ငံရဲ့ အမှတ် ၂ ဘီလူးချောင်း ရေအားလျှပ်စစ် စက်ရုံမှာ ပစ္စည်းဟောင်းတွေ အသစ်လဲလှယ်ရေး အတွက် JICA ခေါ် ဂျပန် နိုင်ငံတကာ ပူးပေါင်းဆောင် ရွက်ရေးအဖွဲ့က မြန်မာလျှပ်စစ်စွမ်းအင်ဌာန EPC ကို အမေရိကန်ဒေါ်လာ ၆၇ သန်း ထောက်ပံ့ကူညီမယ်လို့ သိရပါတယ်။
ဘီလူးချောင်း ရေအားလျှပ်စစ်စက်ရုံကို ဂျပန်နိုင်ငံက တည်ဆောက်ပေးခဲ့ပြီး၊ ၁၉၈၀ ပြည့်နှစ်တွေ အတွင်း ချေးငွေတွေကတဆင့် မွမ်းမံပြင်ဆင်ပေးခဲ့ ပါတယ်။
အခု ပစ္စည်းဟောင်းတွေ အသစ်လဲလှယ်ရေး အစီအစဉ်ကို ၂၀၁၆ ခုနှစ်မှာ ပြီးစီးအောင်ဆောင်ရွက် မယ်လို့ ဆိုပေမဲ့၊ အသေးစိတ်ကိုတော့ EPC က မဖေါ်ပြပါဘူး။
လျှပ်စစ်စွမ်းအားဝန်ကြီးဌာနရဲ့ အဆိုအရ မြန်မာနိုင်ငံမှာ အိမ်ထောင်စုအားလုံးရဲ့ ၂၅ ရာခိုင်နှုန်းသာ လျှပ်စစ်ဓါတ်အား ရရှိသေးတယ်လို့ သိရပါတယ်။