ဧရာဝတီသတင်းထောက်ကို ငပလီက ဟိုတယ် တရားစွဲ

ရခိုင်ပြည်နယ်၊ တောင်ပိုင်း သံတွဲမြို့ ငပလီကမ်းခြေမှာရှိတဲ့ Amara Ocean Resort ဟိုတယ်အကြောင်း ရေးသားတဲ့ သတင်းတွေနဲ့ပတ်သက်ပြီး Irrawaddy သတင်းဌာနရဲ့ အကြီးတန်းသတင်းထောက် ကိုမိုးမြင့်ကို ဟိုတယ်ပိုင်ရှင်က၂၀၁၈ ခုနှစ်ကတည်းက ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)နဲ့ အမှုဖွင့်ထားပါတယ်။

Irrawaddy သတင်းဌာနရဲ့ အကြီးတန်းသတင်းထောက် ကိုမိုးမြင့်ကို တွေ့ရစဉ် Photo: Moe Myint

ရခိုင်ပြည်နယ်၊ တောင်ပိုင်း သံတွဲမြို့ ငပလီကမ်းခြေမှာရှိတဲ့ Amara Ocean Resort  ဟိုတယ်အကြောင်း ရေးသားတဲ့ သတင်းတွေနဲ့ပတ်သက်ပြီး Irrawaddy သတင်းဌာနရဲ့ အကြီးတန်းသတင်းထောက် ကိုမိုးမြင့်ကို ဟိုတယ်ပိုင်ရှင် က၂၀၁၈ ခုနှစ်ကတည်းက ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)နဲ့ အမှုဖွင့်ထားပါတယ်။

အဲဒီအမှုအတွက် ဆက်သွယ်ရေးဝန်ကြီးဌာနရဲ့ အကြောင်းပြန်စာ ပြန်လည်ရရှိတဲ့အတွက် ဒီကနေ့မှာ ကျောက်တံတားမြို့နယ် ရဲစခန်းက မြို့နယ်တရားရုံးကို အမှုစွဲဆိုတင်ပို့ခဲ့ပြီး တရားရုံးက သိန်း ၃၀ နဲ့ အာမခံပေးလိုက်ပါတယ်။

သတင်းထောက် ကိုမိုးမြင့်ဟာ - Amara Ocean Resort ရဲ့ ရင်းနှီးမြှုပ်နှံမှု အရှုပ်အရှင်း နောက်ကြောင်းကိစ္စတွေနဲ့ ပတ်သက်ပြီး ၂၀၁၈ ခုနှစ် ဧပြီလမှာ "ငပလီရှိ Amara Ocean Resort ပိုင်ရှင်ကို တရားစွဲရန် ဂျာမန် စီးပွားရေး သမားတစ်ဦး ကြိုးပမ်း" ဆိုတဲ့ခေါင်းစဉ်နဲ့ သတင်းစုံစမ်းရေးသားခဲ့သလို မေလမှာလည်း "ငပလီက ဟိုတယ်အငြင်း ပွားမှု သမ္မတရုံးဝင်ပါ" ဆိုတဲ့ သတင်းဆောင်းပါး၊ ဇွန်လမှာ "ငပလီက အပြင်းပွား အမရာဟိုတယ်ကို ရဲတပ်ဖွဲ့က စတင်စစ်ဆေး" ဆိုတဲ့ သတင်းဆောင်းပါးတွေကို ရေးသားခဲ့လို့ အခုလို တရားစွဲခံရတာဖြစ်တယ်လို့ ကိုမိုးမြင့်က RFA ကို ပြောပါတယ်။

ဂျာမန်စီးပွားရေးလုပ်ငန်းတစ်ခုနဲ့ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေကို အကျိုးတူပူးပေါင်းဆောင်းရွက်ခဲ့တဲ့ အမရာ Amara Ocean Resort ဟိုတယ်လုပ်ငန်းရဲ့ လက်ရှိပိုင်ရှင်ဖြစ်သူကို ဂျာမန်စီးပွားရေးသမားတစ်ဦးက ယုံကြည်အပ်နှံဖောက် ဖျက်မှုနဲ့ မင်္ဂလာဒုံမြို့နယ် ရဲစခန်းမှာ အမှုဖွင့်ထားတဲ့ အခြေအနေတွေရဲ့ နောက်ဆက်တွဲ အကြောင်းအရာတွေကို စုံစမ်းဖော်ထုတ်ရေးသားခဲ့တာဖြစ်တယ်လို့ ကိုမိုးမြင့်က ပြောပါတယ်။

ပုဒ်မ ၆၆(ဃ) အမှုကို စတင်စစ်ဆေးဖို့ ကျောက်တံတားမြို့နယ် တရားရုံးက စက်တင်ဘာလ ၁၀ ရက်နေ့ကို ချိန်းဆိုလိုက်ပြီး အဲဒီနေ့ရုံးချိန်းမှာ တရားလိုဖြစ်တဲ့ Amara Ocean Resort ဟိုတယ်ဘက်ကို ခေါ်ယူမေးမြန်းတာတွေ လုပ်ဆောင်သွားမယ်လို့ ကိုမိုးမြင့်က ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org