ပြည်သူတွေ လုပ်ရဲကိုင်ရဲ ရှိလာတာ တွေ့ရကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

ပြည်သူတွေဟာ အရင်က နဲ့မတူဘဲ နိုင်ငံရေး ကိစ္စတွေမှာ လုပ်ရဲကိုင်ရဲ ရှိလာတယ်လို့ RFA နဲ့ ဆက်သွယ် မေးမြန်းခန်းမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

နေအိမ် အကျယ်ချုပ်က လွတ်မြောက်လာပြီး နောက်တရက် နိုဝင်ဘာလ ၁၄ ရက်နေ့တွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရုံးရှေ့ ဒေါ်အောင်ဆန်းစုကြည် လူထုကို မိန့်ခွန်း ပြောဆိုနေစဉ်။ ဓါတ်ပုံ - RFA RFA

ပါတီ ရပ်တည်ခွင့် တရားဝင်လာအောင် ဆက်လက် ကြိုးပမ်းသွားမယ့် အကြောင်း၊ ပြည်သူ အများရဲ့ ထောက်ခံမှု ရလာအောင် ဆက်လက် ကြိုးပမ်းရမှာ ဖြစ်သလို တဖက်မှာ အရင် နေအိမ် အကျယ်ချုပ် လွတ်မြောက်စဉ် တွေတုန်းကလို မတူဘဲ လူငယ်တွေ အများကြီး နိုင်ငံရေးမှာ တက်တက်ကြွကြွ ပါဝင်လာတာ တွေ့ရကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

NLD ပါတီ ဆက်လက် ရပ်တည်ခွင့်နဲ့ ပတ်သက်ပြီး ပါတီ အထွေထွေ အတွင်းရေးမှူးအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်က စစ်အစိုးရကို တရားစွဲဆို အမှုဖွင့်ခဲ့ရာမှာ အမူကို ဗဟို တရားရုံးချုပ်က လက်ခံကြားနာခဲ့ပေမဲ့ ဆက်လက် ကြားနာဖို့ကို မနေ့က ပယ်ချခဲ့ပါတယ်။

တရားရုံးရဲ့ ဆုံးဖြတ်ချက်ကြောင့် NLD ပါတီ ဘယ်လို ဆက်လက် ရပ်တည်မလဲ ဆိုတာနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည် ကို RFA ဝိုင်းတော်သား ဦးတင်အောင်ခိုင် ဘန်ကောက်မြိုံ့ကနေ ဒီကနေ့ ညနေပိုင်းက ဆက်သွယ် မေးမြန်းခဲ့ပါတယ်။

ဆက်သွယ်မေးမြန်းချက်ကို အပြည့်အစုံ နားဆင်နိုင်ပါတယ်။


ဒေါ်အောင်ဆန်းစုကြည်နှင့် ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်
2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org