ထွက်ချက်ပေးဖို့ အနှိပ်စက်ခံရကြောင်း ကာယကံရှင်တွေ ပြော

မြန်မာနိုင်ငံ အကျဉ်းထောင်တွေထဲမှာ မလွတ်သေးဘဲ ကျန်နေကြသူတွေဟာ ပြစ်မှုဆိုင်ရာ ပုဒ်မကြီး ၁ဝ ခုနဲ့ ငြိစွန်းနေကြသူတွေ ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးက ပြီးခဲ့တဲ့ စနေနေ့ နေပြည်တော်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။

HRDP လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများ ကွန်ရက်အဖွဲ့၏ လက်ကမ်း ကြေညာ စာတမ်း ဖြစ်ပါသည်။ hrdp

အခုလို ဆက်လက် အဖမ်းဆီးခံရနေသူ အများစုဟာ ဗုံးခွဲမှု၊ လက်နက်မှုစတဲ့ အကြမ်းဖက် လုပ်ရပ်တွေနဲ့ ပတ်သက်နေပါတယ်။ ဒါပေမယ့် အကျဉ်းကျသူတွေကတော့ မိမိတို့ဟာ စွပ်စွဲထားတဲ့အမှုတွေနဲ့ အမှန်တကယ် လုံးဝ ပတ်သက်ခြင်းမရှိဘဲ စစ်ကြောရေးမှာ ထွက်ချက မပေးပေးအောင် နည်းမျိုးစုံသုံးတာ ခံခဲ့ရတယ်လို့ ပြောပါတယ်။

ဗုံးဖောက်ခွဲမှုတွေနဲ့ ပတ်သက်တယ်လို့ စွပ်စွဲပြီး အဖမ်းခံရသူ လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများအဖွဲ့က ဦးမြင့်အေး ပြန်လွတ်မလာသေးပေမယ့် သူ့ကို ဗုံး သွားပေးသူလို့ အစွပ်စွဲခံရတဲ့ ကိုကပ္ပလီကတော့ ပြန်လွတ်လာပါတယ်။ ကိုကပ္ပလီက ဦးမြင့်အေးကို သူ တွေ့ဖူးမြင်ဖူးတောင် မရှိဘူးလို့ ဆိုပါတယ်။

ဒီအကြောင်းတွေကို ကိုကပ္ပလီနဲ့၊ ဦးမြင့်အေးက ဗုံးခွဲဖို့ တာဝန်ပေးခံရသူဆိုပြီး အဖမ်းခံခဲ့ရကာ အခု ပြန်လွတ်လာသူ ကိုမျိုးမင်းတို့ကို ဦးကိုကိုအောင်က ဆက်သွယ်မေးမြန်းပြီး တင်ပြထားပါတယ်။

မေးမြန်းတင်ပြချက်။
အသံဖိုင်ယူရန်။

ခုလို စစ်ကြောရေးမှာ နည်းမျိုးစုံသုံးပြီး ထွက်ဆိုချက်တွေ ရယူတဲ့ ကိစ္စတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်နေတယ်လို့ အကျဉ်းသား မိသားစုတွေက ပြောပါတယ်။ ဒီလုပ်ရပ်တွေဟာ မဖြစ်သင့်တဲ့ ကိစ္စတွေလို့ အကျဉ်းထောင်က ပြန်လွတ်လာတဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုကိုကြီးက ပြောပါတယ်။

ကိုကိုကြီးကို ဦးတင်အောင်ခိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org