ပြည်လုံးကျွတ်သပိတ်မှောက်မယ့်နေ့မှာ အင်တာနက်ဖြတ်တောက်ဖို့ စစ်ကောင်စီညွှန်ကြား

ရန်ကုန်မြို့မှာ ၁၁ နာရီကြာ အင်တာနက် ဖြတ်တောက်ဖို့ အာဏာသိမ်း စစ်ကောင်စီက ညွှန်ကြားထားဖြစ်ပြီး ကျန်တဲ့မြို့တွေမှာတော့ ပုံမှန်အတိုင်း နံနက် ၁ နာရီကနေ မနက် ၉ နာရီအထိ ဖြတ်တောက်မှာဖြစ်တယ်လို့ အော်ရီဒူးလ် (မြန်မာ) ကဆိုပါတယ်။

မြန်မာနိုင်ငံက Facebook သုံးစွဲသူတဦး Photo- Reuters

တစ်နိုင်ငံလုံး အထွေထွေသပိတ်မှောက်မယ့် မနက်ဖြန် ဖေဖော်ဝါရီလ ၂၂  ရက်နေ့ မနက် ၁ နာရီကနေ နေ့လယ် ၁၂ နာရီအထိ ၁၁ နာရီကြာ အင်တာနက် ဖြတ်တောက်ဖို့ အာဏာသိမ်းစစ်ကောင်စီက ညွှန်ကြားထားတာလို့ အော်ရီဒူးလ် (မြန်မာ) က ဆင့် RFA က စုံစမ်းသိရှိရပါတယ်။

ရန်ကုန်မြို့မှာ ၁၁ နာရီကြာ အင်တာနက် ဖြတ်တောက်ဖို့ အာဏာသိမ်း စစ်ကောင်စီက ညွှန်ကြားထားဖြစ်ပြီး ကျန်တဲ့မြို့တွေမှာတော့ ပုံမှန်အတိုင်း နံနက် ၁ နာရီကနေ မနက် ၉ နာရီအထိ ဖြတ်တောက်မှာဖြစ်တယ်လို့ အော်ရီဒူးလ် (မြန်မာ) ကဆိုပါတယ်။

မနက်ဖြန် တစ်နိုင်ငံလုံးမှာ "နှစ်" ငါးလုံး (၂၂-၂-၂၀၂၁) တော်လှန်ရေးအဖြစ် လူအင်အားအများအပြား လမ်းမပေါ်ထွက် ဆန္ဒပြကြဖို့ ပြင်ဆင်နေကြပါတယ်။

လတ်တလော မြန်မာနိုင်ငံမှာ Facebook၊ Youtube၊ Instagram၊ Twitter နဲ့ Google သုံးစွဲတာတွေကို ဖြတ်တောက်ထားပေမယ့် လူငယ်အများစုကတော့ VPN လို့ခေါ်တဲ့ အင်တာနက်အတွင်း သတင်းအချက်အလက် ဖလှယ်မှု ပုံစံတစ်မျိုးကို အသုံးပြုပြီး ကန့်သတ် ပိတ်ပင်တာတွေကို ကျော်လွန် အသုံးပြုနေကြပါတယ်။

ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းလိုက်တဲ့နေ့ကစပြီး အင်တာနက်ဖြတ်တောက်မှုတွေ ရှိလာနေပြီး စစ်အာဏာဖီဆန်ရေး လူထုလှုပ်ရှားမှု (CDM) မှာ ပါဝင်တဲ့ ဝန်ထမ်းတွေနဲ့ တက်ကြွလှုပ်ရှားသူတွေကို ညအချိန်မတော်မှာ လိုက်လံဖမ်းဆီးတာ၊ သေနတ်ပစ်ခတ်  ဖြိုခွဲတာတွေ ရှိနေပါတယ်။

ဖေဖော်ဝါရီလ ၂၂ ရက် နံနက် ၄ နာရီကနေ ည ၈ နာရီအတွင်း ငါးယောက်ထက် လူမစုဖို့ ရန်ကုန်မြို့က ရပ်ကွက်တွေမှာ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးမှူးတွေက ကားနဲ့ လိုက်လံနှိုးဆော်နေပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org