အင်ဒိုနီးရှား နိုင်ငံခြားဝန်ကြီး ရိုဟင်ဂျာအတွက် မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်သွားမယ်

ရခိုင်ပြည်နယ်က အခြေအနေအတွက် ထာဝရတည်တံ့မယ့် အဖြေတရပ် ရှာဖွေရေးအတွက် အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး Retno Mardudi ဟာ မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ၂ ရက်ကြာခရီး သွားရောက်ပါမယ်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး Abul Hassan Mahmood Ali နဲ့ ဒက္ကားမြို့တော်မှာ အင်္ဂါနေ့မှာ ရိုဟင်ဂျာ အရေး တွေ့ဆုံဆွေးနွေးမှာဖြစ်ပြီး ဒီမတိုင်ခင် တနင်္လာနေ့မှာ ကျင်းပမယ့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အလွတ်သဘော ဆွေးနွေးပွဲတက်ရောက်ဖို့ မြန်မာနိုင်ငံကို အရင်သွားမယ်လို့ ပြောပါတယ်။

ရခိုင်ပြည်နယ်က အဖြစ်အပျက်အားလုံးကို မြန်မာအစိုးရက အသေးစိတ် ပြောကြားမယ်လို့ မျှော်လင့်တဲ့အကြောင်း နဲ့ နောက်ဆုံးဖြစ်ရပ်တွေကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဆီက တိုက်ရိုက်သိရတာ အစကောင်းတရပ်ဖြစ်တဲ့ အကြောင်းလည်း သူက ပြောပါတယ်။