မြန်မာ့ပဋိပက္ခက နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုတွေဖြစ်ပွားစေကြောင်း ပြောကြား

RFA Burmese
2024.10.09
မြန်မာ့ပဋိပက္ခက နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုတွေဖြစ်ပွားစေကြောင်း ပြောကြား ၂ဝ၂၃ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့တွင် ကျင်းပသည့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ ဆွေးနွေးပွဲတက်ရောက်လာသော အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရက်တီနို မာဆူဒီ (Retno Marsudi)။
Reuters

မြန်မာ့ပဋိပက္ခဟာ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုတွေဖြစ်ပွားစေတယ်လို့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး မာဆူဒီက အောက်တိုဘာ ၉ ရက်က ပြောကြားလိုက်ပါတယ်။

နိုင်ငံတည်ငြိမ်ရေးကို ထိပါးစေတဲ့ မြန်မာ့ပဋိပက္ခဟာ အရှေ့တောင် အာရှဒေသတွင်း လူကုန်ကူးမှုနဲ့ အွန်လိုင်းလိမ်လည်မှုလို နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုတွေကို အားဖြည့်ပေးနေတယ်လို့ ပြောကြားတဲ့အကြောင်း Antara သတင်းက ဖော်ပြပါတယ်။

လာအိုနိုင်ငံ ဗီယန်ကျင်းမြို့မှာ ကျင်းပနေတဲ့ အာဆီယံ- အရှေ့တောင်အာရှ နိုင်ငံများ အသင်း ထိပ်သီးဆွေးနွေးပွဲ ပြင်ပမှာ ပြောကြားတာဖြစ်ပြီး စနစ်တကျဖွဲ့စည်းထားတဲ့ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုဟာ အင်ဒိုနီးရှား အပါအဝင် အာဆီယံ အဖွဲ့ဝင် နိုင်ငံအားလံးနီးပါးအတွက် စိုးရိမ်စရာ တစ်ခု ဖြစ်လာတယ်လို့ ပြောပါတယ်။

လူကုန်ကူးမှု၊ အွန်လိုင်းလောင်းကစားမှုနဲ့ အွန်လိုင်းလိမ်လည်မှုလို မှုခင်းတွေဖြစ်ထွန်းလာတာကို အာဆီယံနိုင်ငံတွေက ပူးပေါင်းပြီး အင်ပြည့်အားပြည့် ကိုင်တွယ်ဖို့လိုအပ်တယ်လို့လည်း ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။